၁၄. ၇. ၂၀၂၅
Written by Thettant
ကလပ် ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပထမပိုင်းမှာ ချဲလ်ဆီးက PSG ကို သုံးဂိုးပြတ် အနိုင်ရနေပါတယ်။
အောက်အသင်းလို့ သတ်မှတ်ခံရတဲ့ ချဲလ်ဆီးရဲ့ သွင်းဂိုးတွေကိုတော့ ပါးလ်မားက ၂၂ မိနစ်နဲ့ ၃၀ မိနစ်မှာ သွင်းယူပေးခဲ့ပြီး တတိယဂိုးကိုတော့ ဂျာအိုပတ်ဒရိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒီနေ့ပွဲပထမပိုင်းမှာ PSG ဟာ ဂိုးကန်သွင်းခွင့် ၂ ကြိမ်သာရခဲ့ပေမဲ့ ဂိုးအဖြစ်မပြောင်းနိုင်ခဲ့သလို ချဲလ်ဆီးက ဂိုးပေါက်ခြောက်ကြိမ်ကန်ရာမှာ ဒွန်နာရူမာကို သုံးဂိုးသွင်းခဲ့ပါတယ်။
