၁၀.၇.၂၀၂၅
Written By Thandar
90’s Born တွေရဲ့ အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ Teens အဖွဲ့က အသက် ၄၅ နှစ်အရွယ် တေးရေး အဆိုတော် ထူး@ထူးဝင်းဖေဟာ ကျောက်ကပ်ရောဂါနဲ့ ဒီနေ့ ဇူလိုင် ၁၀ရက် နံနက်ပိုင်းမှာ ကွယ်လွန်ခဲ့ပါတယ်။
“ဟိုတစ်နေ့က ကျွန်တော်ရေးခဲ့တဲ့ ဟဲလေးအကြောင်း ဆောင်းပါးမှာပါ၀င်တဲ့ Teens အဖွဲ့က ညီငယ်အဆိုတော်ကိုထူးက ရွှေထိုက်သီဆိုခဲ့တဲ့ “သီချင်းလေးအတိုင်း” သီချင်း၊ ခင်ဘုဏ်းသီဆိုခဲ့တဲ့ “ငွေ” သီချင်းတွေ တေးရေးအနေနဲ့ ရေးခဲ့သူပါ။ အခုမနက်ကပဲ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားတယ်သိရလို့ ၀မ်းနည်းကြေကွဲမိပါတယ်” လို့ ဂီတမှူး နိုင်ဇော်က ပြောပါတယ်။
သူရဲ့ နာရေးဈာပနကိုတော့ မနက်ဖြန် ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီမှာ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၃) ရပ်ကွက်၊ နီလာလမ်း၊ အမှတ် (၁၁) ပထမထပ်ကနေ ကားတွေ ထွက်ခွာမှာဖြစ်ပါတယ်။
အဆိုတော်ထူးက အဆိုတော်ဟဲလေး၊ ဝေထွဋ်အောင်နဲ့အတူ သူငယ်ချင်း ၄ ယောက်ပေါင်းပြီး Teen’s အဖွဲ့အနေနဲ့ တေးသီချင်းတွေ သီဆိုခဲ့သူလည်းဖြစ်ပါတယ်။
အဆိုတော် ထူးရဲ့ ရုပ်အလောင်းကို ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်သွားမှာဖြစ်ပါတယ်။ လာမယ့် ဇူလိုင် ၁၅ ရက် နံနက် ၇ နာရီကနေ ၁၂ နာရီအထိ ကွယ်လွန်သူအားရည်စူးပြီး ဆွမ်းကျွေးတရားတော်နာသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Htoo #SingerHtoo #WaiHtunAung #MyanmarSinger #Teens #TEENS



