




၉.၇.၂၀၂၅
Written By Thandar
သရုပ်ဆောင်လပြည့်ရဲ့ ပြည်အစားအစားလက်ရာတွေကြိုက်နှစ်သက်သူတွေအတွက် “ပြည်လက်ရာ”ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းမကြီး၊ အမှတ်(၂၉၈) မှာ နာမည်ကြီးအနုပညာရှင်တွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။
” ကျွန်တော့်ရဲ့ ဆိုင်ကို ဖွင့်ချင်ခဲ့တာ တကယ်တော့ ကြာပါပြီ။ ခုမှဖွင့်ဖြစ်တာပါ။ နေရာနဲ့လူအရမ်းလည်းကြပ်တာမို့ တောင်းပန်ပါတယ်။ လာတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေအရမ်းချစ်လို့လာပေးကြတာမို့လေ။ လူကြပ်ပြီး နည်းနည်းပူသွားတာပေါ့။ ဖွင့်ပွဲမှာမိုးမရွာတာဘဲ ကျေးဇူးတင်ပါတယ်။ Surprise ပြောရဦးမယ်။ဒီဆိုင်ထဲမှာ သူငယ်ချင်း မေမီကိုကိုလည်း ရှယ်ယာပါပါတယ်။ သူငယ်ချင်းက Support ပေးတာပါ”လို့ သရုပ်ဆောင်လပြည့်က MT Entertainment ပြောပါတယ်။
ဒီဆိုင်ဖွင့်ပွဲအခမ်းအနားကို နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာမောင်သီ၊ သန်းသန်းစိုး၊ ဖြိုးရာဇာနိုင်၊ ပိုင်သစ်၊ အိချောပို၊ မေပန်းချီ၊ မေမီကိုကို၊ ကိုသာဂိ၊ စိုးပြည့်ပြည့်စံ၊ စင်သီယာ စသူတွေ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။
ဒီဆိုင်မှာတော့ ပြည်ထမင်းသုပ်၊ ပြည်ပလာတာ၊ ပြည်ထမင်းကြော်၊ ပြည်သင်္ဘောသီးသုပ်နဲ့မြန်မာဟင်းလျာမျိုးစုံ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
