၈. ၇. ၂၀၂၅
Written by Nyein Kyaw
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ သုံးအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၆၁၄,၇၀၅ တန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၂၁၄ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၆၁၄,၀၀၀ ကျော်တင်ပို့မှုတွင် ဆန်တင်ပို့မှုနေအဖြင့် ဆန်တန်ချိန် ၃၂၉,၃၃၅ တန်နှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် တန်ချိန် ၂၈၅,၃၆၉ တန် တင်ပို့ထားခြင်းဖြစ်သည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသန်းခန့်တင်ပို့ရန် လျာထားကြောင်း MRF ဥက္ကဋ္ဌက ပြောကြားထားသည်။ အဆိုပါ လျာထားချက် ပြည့်မီစေရန် လစဉ်တန်ချိန်နှစ်သိန်းခွဲကျော် တင်ပို့နိုင်ရမည်ဖြစ်သည်။
လက်ရှိတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ကို အသုံးမပြုနိုင်သေးဘဲ ပင်လယ်ရေကြောင်းမှသာ တင်ပို့နေရခြင်းကြောင့် ယခုဘဏ္ဍာနှစ်အစ ဧပြီလတွင် တန်ချိန် ၁၄၂,၇၈၈ တန်သာ တင်ပို့နိုင်ခဲ့သော်လည်း မေလတွင် တန်ချိန် ၂၅၉,၅၀၁ တန်နှင့် ဇွန်လတွင် ၂၁၂,၄၁၆ တန် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်ပမာဏ တန်ချိန်နှစ်သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း (လျာထားချက်၏ ၉၉ ရာခိုင်နှုန်းကျော်)သာ တင်ပို့နိုင်ခဲ့ကြောင်း MRF မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
