၈.၇.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ ကျီတော်ကုန်းရပ်ကွက်တွင် ဇူလိုင် ၇ ရက် ည ၈ နာရီကျော်က အမျိုးသားကြီးတစ်ဦး သရက်ပင်၌ ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၄၇နှစ်အရွယ် ဦးကျော်ငွေဆိုသူဖြစ်ပြီး နေအိမ်ခြံဝန်းရှိ သရက်ပင်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကြိုးဆွဲချသေဆုံးသူ၏ရုပ်အလောင်းကို မိတ္တီလာပြည်သူဆေးရုံရှိ ရင်ခွဲရုံသို့ ပို့အပ်ထားပြီး တာဝန်ရှိသူများက ကြိုးဆွဲချသေဆုံးသည့်ဖြစ်စဥ်ကို စုံစမ်းလျက်ရှိပြီး အမှတ်(၂) နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။



