




၆.၇.၂၀၂၅
Written By Thandar
လက်ဝတ်ရတနာ ချစ်မြတ်နိုးသူတွေအတွက် “သိင်္ဂီဝင်း” စိန်ရွှေရတနာဆိုင် သုံးဆိုင်မြောက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဇူလိုင် ၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ Myanmar Plaza ပထမထပ်မှာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ အောင်ရဲလင်း၊ ရဲရင့်သော်၊ ကိုသာဂိ၊ ဟင်နရီစံ၊ ပိုင်သစ်၊ သိမ့်မွေ့သံစဉ်စတဲ့သူတွေ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါတယ်။
“ကျွန်တော်ကတော့ သိင်္ဂီဝင်း စိန်ရွှေရတနာဆိုင် (၃) ဆိုင်ဖွင့်ပွဲကို တက်ဖြစ်တာပါ။ ဒီနေ့ဆိုင်ဖွင့်ပွဲအတွက် ဟိုအရင်ကတည်းက ဒီဆိုင်မှာပဲ ဝယ်ယူအားပေးနေကြပါ။ ကျွန်တော့်ကို ပွဲတက်ခေါ်ထားတဲ့အတွက် ယောက်ျားဆန်ဆန်လက်ဝတ်ရတနာမှ မဟုတ်ဘူး။ မိန်းကလေးဝတ်တဲ့ ဘယက်ကြီးကြီးလည်း ဆင်လို့ရပါတယ်လို့ ဒါကြောင့် ခရမ်းဆွဲ ဘယက်ကြီး ဝတ်ဆင်ပြသထားတာပါ။ ဒီနေ့ သိင်္ဂီဝင်းကနေ သိန်း ၁၀၀၀ ကျော်ဖိုးဆင်မြန်းထားပါတယ်”လို့ ကိုသာဂိက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဇူလိုင် ၆ ရက်ကနေ ဇူလိုင် ၁၀ ရက်နေ့အထိ စိန်ထည် ၁၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ လျှော့ထားသလို ရောင်း 0% အလဲ 0% သတ်မှတ်ထားပြီး ရွှေထည်တွေကို အလျော့တွက် လက်ခတွေ လျှော့ယူပေးထားတယ်လို့ သိရပါတယ်။
