




MT News
၆. ၇. ၂၀၂၅
PDF တို့၏ အဓိကဝင်ငွေဖြစ်လာနေသော ကျွန်းလှမှ ရေနံချက်ဖိုတစ်ခုကို ယနေ့ လေကြောင်းတိုက်ခိုက် ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မှာ ယနေ့ နံနက် ၆ နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်အနောက်ဘက်ခြမ်း ရွာကုန်းကြီးရွာအနီးရှိ ရေနံချက်ဖိုတစ်ရုံကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ရေနံချက်ဖိုအတွင်းရှိ ဆီပေပါ ၃၀၀ ကျော် အပါအဝင် အိမ်စီးကား(၂)စီး၊ နေအိမ်အဆောက်အအုံတချို့ မီးလောင်ပျက်စီးခဲ့ရကြောင်း ကနဦးသိရပြီး ရေနံထုတ်လုပ်နေသောသူများ ထိခိုက်မှုကိုမူ သိရှိရခြင်းမရှိသေးချေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဧရာဝတီသတင်းဌာနက မြိုင်ပကဖများ ရေနံတူး၊ KTB နှင့် ပြည့်တန်ဆာခန်းဖွင့် ဆက်ကြေးကောက်ကာ ဝင်ငွေဖြောင့်နေသော ရေနံတွင်းများအပါအဝင် သယံဇာတထုတ်လုပ်ရာနေရာများကို တိုက်ခိုက်မည်ဟု သတိပေးပြီးကတည်းက PDF/ပသုံးလုံးများ ချုပ်ကိုင်ထားသော ရေနံတွင်း၊ ရွှေတွင်းထုတ်လုပ်ဆက်ကြေးကောက်ခြင်း၊ ပြည့်တန်ဆာခန်းများဖွင့်လှစ်ခြင်းဖြင့် စီးပွားရှာရာနေရာများကို ဦးတည်တိုက်ခိုက်လာခဲ့သလို ယခုတိုက်ခိုက်မှုဖြစ်စဥ်တွင်လည်း ဆုံးရှုံးသွားသော ဆီပေပါများနှင့် ကားများတန်ဖိုးမှာ အနည်းဆုံး ကျပ်သိန်း ၂၀၀၀ အထက်ရှိနေကြောင်း သိရသည်။
