
သတိုး
၂၉. ၆. ၂၀၂၅
ဒီနေ့ ကျင်းပတဲ့ UFC 317 ရဲ့ တတိယခေါင်ပွဲဖြစ်တဲ့ UFC ဖလိုင်းဝိတ်ရဲ့ အဆင့် (၁) Brandon Royval နဲ့ အဆင့် (၁၂) Joshua Van တို့ ထိုးသတ်ပွဲမှာ Joshua Van က Brandon Royval ကို ဒိုင်ဆုံးဖြတ်ချက်နဲ့ အနိုင်ရခဲ့ပါတယ်။
ပထမအချီမှာ Van က အကွာအဝေးထိန်းပြီး Stand Fight နဲ့ ထိုးရာမှာ Royval ကို နှာခေါင်းသွေးထွက်ခဲ့သလို ဖင်ထိုင်ကျအောင် ထိုးနိုင်ခဲ့ပါတယ်။ ပထမအချီမှာ Van က တွဲလုံးတွေ ပိုထုတ်နိုင်ခဲ့ပြီး Van သာခဲ့ပါတယ်။ ဒုတိယအချီမှာ Van က Royval ရဲ့ လက်သီးတစ်ကမ်းမှာ ရှိနေခဲ့လို့ ထောက်လက်သီးတွေ မကြာခဏထိနေပြီး ပူးသွားရင် Van က ပိုသာအောင်ထိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Royval က Van ထိုးချက်မှာ မျက်လုံးပိတ်လုပိတ်ခင်ဖြစ်သွားပေမဲ့ ပိုကောင်းအောင်ထိုးနိုင်ခဲ့တဲ့ Royval က ဒုတိယအချီမှာ ပိုသာသွားခဲ့ပါတယ်။ တတိယအချီမှာ Van က Royval ကို သုံးချီလောက် ဖင်ထိုင်ကျအောင်ထိုးနိုင်ခဲ့တာနဲ့ ခွထိုင်ထိုးနိုင်ခဲ့တာမှာ Van အနိုင်ရခဲ့တာပါ။
ဒီပွဲအနိုင်ရသွားခဲ့တာကြောင့် Van ဟာ ဖလိုင်းဝိတ်ချန်ပီယံ စိန်ခေါ်ခွင့်ရသွားခဲ့ပြီဖြစ်ပြီး အခုထိုးမယ့် ပန်တိုဂျာနဲ့ ကိုင်ကာရာဖရန့်စ်တို့ပွဲက နိုင်သူနဲ့ တွေ့ရတော့မှာပါ။
