၂၈.၆.၂၀၂၅
Written By Thandar
၁၂ ကြိမ်မြောက်ကျင်းပတဲ့ Miss Universe Myanmar 2025 Grand Final ပြိုင်ပွဲကြီးကို ဇွန်လ ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ Myanmar Expro မှာ ကျင်းပခဲ့ရာ Winner ဆုကို ပြင်ဦးလွင်အလှမယ် မြတ်ရတနာစိုးက ဆွတ်ခူးရရှိခဲ့ပါတယ်။
“ညီမအနေနဲ့ မထင်မှတ်ဘဲ ဒီ Winner ဆုကို ရရှိလို့ အတိုင်းမသိ ဝမ်းသာရပါတယ်။ ဆုကို ချီးမြှင့်ပေးကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲအတွက် လိုအပ်ချက်တွေ ပြင်ဆင်သွားဖို့ရှိပါတယ်”လို့ ပြင်ဦးလွင်ကိုယ်စားပြုအလှမယ် မြတ်ရတနာစိုးက ပြောပါတယ်။
အဆိုပါပြိုင်ပွဲမှာ Top 35 ပြိုင်ပွဲဝင် Top 16 ယောက်ရွေးခဲ့ပြီး Title Award ဆုတွေ အသီးသီးပေးအပ်ခဲ့ရာ ဟားခါးအလှမယ် Na Na ဟာ Top 10 စာရင်း မကြေညာခင် Miss Celestial Nial by Luna Award၊ Miss Picture perfect by Love Diary၊ Miss Beauty Face Award နဲ့ Miss Perfect Award၊ Miss IM Title Award တို့ကို ပိုင်ဆိုင်ထားခဲ့သူလည်းဖြစ်ပါတယ်။
Top 10 အနေနဲ့ စစ်တွေ၊ ပဲခူး၊ မြစ်ကြီးနား၊ ကော့သောင်း၊ ဟားခါး၊ မိုးကုတ်၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ ပုသိမ်၊ မော်လမြိုင်တို့ကို ရွေးခဲ့ပြီး Top 6 အနေနဲ့ မြစ်ကြီးနား၊ မိတ္ထီလာ၊ စစ်တွေ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ဟားခါးတို့ကို ရွေးချယ်ပေးခဲ့ပါတယ်။
Miss Universe Myanmar ရဲ့ ဆုတွေအနေနဲ့ 1st Runner Up ဟားခါးအလှမယ် Nan Inzali @Na Na၊ 2nd Runner Up စစ်တွေအလှမယ် မေဆွေဇင်၊ 3rd Runner Up မိတ္ထီလာအလှမယ် ဇူလိုင်ဝင့်ထည်၊ 4th Runner Up မိုးကုတ်အလှမယ် မျိုးကိုကိုစန်း၊ 5th Runner Up မြစ်ကြီးနားအလှမယ်တို့က ဆွတ်ခူးခဲ့ကြပါတယ်။
ပြင်ဦးလွင်အလှမယ် မြတ်ရတနာစိုးက အဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုတွေနဲ့ ကျက်သရေရှိလှတဲ့ မြန်မာအမျိုးသမီးများရဲ့ ဂုဏ်ကို ကမ္ဘာထိအောင်ဖော်ထုတ်ပြသတဲ့ Miss Universe Myanmar 2025 ရဲ့ Winner ဆု နဝရတ်သရဖူကို ချီးမြှင့်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။
#မြတ်ရတနာစိုး #MyatYadanarSoe #NaNa #နဝရတ်#သရဖူ #MissUniverseMyanmar2025
#ပြင်လွင်ဦးအလှမယ် #ဟားခါးအလှမယ်












