
၁၄.၆.၂၀၂၅
Written By Thandar
ပြည်တွင်း ပြည်ပ ပရိသတ်ချစ်ခင်မှု ရရှိလာတဲ့ အလှမယ် သရုပ်ဆောင် အိအိအောင်ထွန်း@မီးမီးကတော့ ထိုင်းကောင်လေးတစ်ယောက်ကို ရင်ခုန်နေမိပြီလို့ ဖွင့်ဟလာပါတယ်။
“မိန်းကလေးဆိုတာ ပိုက်ဆံရှာလည်း တော်ရမယ်လေ။ ပိုက်ဆံရှာတော်လို့ရရင်တော့ ကောင်လေးကို အမ်းမှာပါ။ တချို့ ပရိသတ်တွေက ကိုယ့်ကို ချစ်လို့ အာဘွားပေးသွားတာကို တချို့က အထင်လွဲသွားတာ။ တကယ်တော့ သူ့တို့က ကိုယ့်ရဲ့ ပရိသတ်တွေပဲလေ။ တစ်မျိုးမထင်ပါနဲ့။ ခုကတော့ ကောင်လေးနဲ့က စကားပြောနေတုန်းပဲလေ။ သူက ဒါပေမယ့် ချစ်စရာကောင်းတယ်။ သူကထိုင်းလူမျိုးပဲ။ စကားပြောနေတုန်းပါပဲ။ ရင်ခုန်သွားတာပေါ့”လို့ အလှမယ် အိအိအောင်ထွန်း@မီးမီးက ပြောပါတယ်။
သူမကတော့ အနုပညာဘက်ကို လျှောက်လှမ်းလာပြီး ထိုင်းနိုင်ငံက ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားသလို မြန်မာနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးထားသူလည်းဖြစ်ပါတယ်။ အိအိအောင်ထွန်းကတော့ အလှမယ်ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်သွားမယ့်သူတွေကို စိတ်ခွန်အားအပြည့် ပံ့ပိုးပေးနေသူလည်း ဖြစ်ပါတယ်။
“ခုမှ တစ်ယောက်နဲ့ တစ်ယောက်လေ့လာနေတုန်းပါ။ ဘယ်လို စိတ်နေစိတ်ထားရှိတယ်ဆိုတာကိုလေ။ အရေးကြီးဆုံးက အမေ့ကို တိုင်ပင်တယ်ပေါ့။ အမေ သမီးလည်း အသက်ကြီးနေပြီ။ မြန်မြန်လေး လေ့လာနေတုန်း။ ကောင်လေးက ကောင်းလားလို့ သမီးကြည့်လိုက်ဦးလေလို့ အမေကပြောတယ်။ သူငယ်ချင်းလို ပြောတာဆိုတော့ ရင်ခုန်နေတာပေါ့။ ထိုင်းလူမျိုးစစ်စစ်ပဲ။ မြန်မာပရိသတ်တွေ စိတ်မဆိုးကြပါနဲ့နော်။ ကိုယ့်မှာ ရည်းစားမရှိဘူးဆိုတော့ နည်းနည်းတော့ ကဲဦးမယ်နော်။ ရှေ့မှာ ရည်းစားထားဖူးတယ်။ အဆင်မပြေတာတွေ ဖြစ်ခဲ့တယ်။ ခုက အသက်လည်းရလာပြီဆိုတော့ လေ့လာကြည့်ရတာပေါ့။ သူကအဝေးကနေအမြဲ Support လုပ်ပေးတယ်။ တစ်ယောက်နဲ့တစ်ယောက် Crush ကြတာပါ”လို့ သူမက ဆက်ပြောပါတယ်။
#မီးမီး #အိအိအောင်ထွန်း #MeeMee #EiEiAungTun #MyanmarMiss #CeleRelationship #ThaiCele

