၁၂.၆.၂၀၂၅
Written By Thandar
အနုပညာသက်တမ်း ဆယ်စုနှစ်များစွာလျှောက်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီး ပွင့်နဒီမောင်ဟာ ခင်ပွန်းနဲ့ ဘဝခရီး ၂၆ နှစ်ကျော် လက်တွဲခဲ့ပေမဲ့ ယနေ့မှာတော့ ကွယ်လွန်သွားတဲ့ ခင်ပွန်းရဲ့ အရိုးပြာအိုးလေးကို ရေထဲမျှောခဲ့ရပြီ ဖြစ်ပါတယ်။
“လက်တွဲပြီး ဘဝခရီးထွက်ခဲ့ကြတာ ၂၆ နှစ်ရှိပြီလေ…။ အခု နင်က ထွက်သွားခဲ့တယ်နော်။ ငါ့ဘဝမှာ နင်ပဲ ရှိတာလေ။ နင်အသိဆုံးပါ။ ဒီအိုးလေးထဲမှာ နင်ရှိတယ်ဆိုတဲ့အသိနဲ့ဖက်ထားခဲ့တယ်။ တကယ်တော့ ငါမယုံဘူး။ အဲ့ဒါ နင်သိလား…။ ငါမယုံနိုင်ဘူး။ ၂၆ နှစ်လုံးလုံး တကယ်ကို တစ်ရက်လေးတောင် ငါတို့က မခွဲခဲ့ဘူးလေဟာ။ ဘာလို့ အဲလို ရုတ်တရက်ကြီး လုပ်သွားတာလဲ။ ငါတို့ Dinner ကနေ အတူတူပြန်လာကြတာလေ။ ၁၆ ရက်နေ့ နင့်မွေးနေ့လေ။ ၁၅ ရက်နေ့က ရက်လည်ဆွမ်းကျွေးတဲ့လား”လို့ သရုပ်ဆောင် ပွင့်နဒီမောင်က ပရိသတ်တွေကို ရင်ဖွင့်လာခဲ့ပါတယ်။
သူမရဲ့ ခင်ပွန်း ကိုနေကျော်သက်ဟာ အသက် ၄၆ နှစ်အရွယ် ဇွန်လ ၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီးတော့ ဈာပနကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့တာလည်း ဖြစ်ပါတယ်။ ခင်ပွန်း ကိုနေကျော်သက်ကတော့ TTC ကျောင်းသားဟောင်းတစ်ဦးလည်းဖြစ်ပြီး လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် (၂၈) ရပ်ကွက် အမှတ် (၉၅၁) နေအိမ်မှာ ရက်လည်ဆွမ်းသွပ်တရားတော်နာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
#ပွင့်နဒီမောင် #နေကျော်သက် #ခင်ပွန်းဈာပနာ #PwintNadiMaung #NayKyawThet #RIP #MyanmarCeleFamily




