
၁၀.၆.၂၀၂၅
Written By Thandar
တေးရေး တေးဆို အဆိုတော် မိစန္ဒီရဲ့ Comeback အနေနဲ့ အသစ်ထွက်မယ့် “VIVID” New Music Video မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီသီချင်းက မနှစ်ကလုပ်ခဲ့တဲ့ International Artists Project Album ထဲက သီချင်းပါ..။ ကမ္ဘာရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ နိုင်ငံပေါင်း ၁၅၇ နိုင်ငံက Artist တွေ ပါဝင်ထားကြတာပါ။ မိစန္ဒီကတော့ မြန်မာနိုင်ငံက Artist တစ်ယောက်အနေနဲ့ ပါဝင်ဖြစ်ထားတာမို့ ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးပါ။ ကိုယ့်စိတ်ဓာတ်ကျတဲ့ အချိန်တွေ တော်တော်များများရှိခဲ့ပြီမှ ခုမှပြန်ပြီး မိစန္ဒီ Comeback အနေနဲ့ ပြန်လာတဲ့ သီချင်းလို့လည်း ပြောလို့ရပါတယ်” လို့ အဆိုတော် မိစန္ဒီက ပြောပါတယ်။
အဆိုပါအခမ်းအနားကို အနုပညာအသိုင်းအဝိုင်းက ဖြိုးပြည်စုံ၊ အောင်ထက်၊ သားသား၊ နီနီခင်ဇော်၊ ဂျူဝယ်၊ ဟိဏ်းသစ်၊ Bo Bo Film Production က ကိုဘိုစန်း စတဲ့သူတွေတက်ရောက်ခဲ့ကြပြီးတော့ မိစန္ဒီရဲ့ ပရိသတ် Fan တွေက Birthday Surprise အနေနဲ့ လက်ဆောင်ကိတ်တွေ ပေးအပ်ခဲ့ကြပါတယ်။
သူမကတော့ ဂီတသက်တမ်း ၁၆ နှစ်မှာ Body Weight တွေလည်း အများကြီးချပြီး ငွေကြေးအကုန်အကျတော်တော်ခံကာ ဒါရိုက်တာ ဇာခြည်စောနိုင်နဲ့ ရိုက်ကူးပုံဖော်ရိုက်ကူးထားတဲ့ သီချင်းဖြစ်တယ်လို့ သိရပါတယ်။ မိစန္ဒီရဲ့ “VIVID” New Music Video မှာ အင်္ဂလိပ်နဲ့ မြန်မာလို သီချင်းကိုရေးသား သီဆိုထားပြီး လာမယ့် ဇွန်လ ၁၂ ရက် မွေးနေ့မှာ Online Platform တွေကနေ ထွက်ရှိမှာလည်းဖြစ်ပါတယ်။
“မိစန္ဒီရဲ့ တကယ်ခံစားပြီး ပြောချင်နေတဲ့ စကားတွေ၊ ကိုယ့်ကိုယ်ကိုယ်ပြောချင်တဲ့ affirmation တွေကို ရေးထားတာဖြစ်လို မိစန္ဒီရဲ့ comeback အနေနဲ့ special single track အနေနဲ့ ပရိသတ်ကိုပေးချင်တာရော၊ ပြီးတော့ တခြားနိုင်ငံက artist တွေ ပရိတ်သတ်တွေ ကြည့်ရင်၊ နားထောင်ရင်လည်း quality အရမ်းကောင်းစေတာမို့ သေချာအချိန်ယူပြီး တတ်စွမ်းသလောက် လူအား၊ ငွေအား၊ ဦးနှောက်အားတွေ အများကြီး စိုက်ထုတ်ထားပါတယ်။“ပတ္တမြား မှန်ရင် နွံမနစ်ဘူး” ဆိုတဲ့စကားအတိုင်း အကောင်းဆုံး ရေးသားထားပါတယ်”လို့ သူမက ဆက်ပြောပါတယ်။
#မိစန္ဒီ #MiSandi #VIVID #NewMusicVideo #MyanmarSinger #InternationalArtistsProjectAlbum
#ပတ္တမြားမှန်ရင်နွံမနစ်ဘူး #MyanmarCele









