MT News

လှိုင်သာယာမြို့နယ်ရှိ စိန်ဂေဟာစူပါမားကတ်တွင် မီးလောင်ကျွမ်းမှု​ဖြစ်ပွားခဲ့ပြီး Level 3 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရသည်ဟု သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၇ ရက်နေ့ ည ၇ နာရီ ၄၃ မိနစ်ခန့်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မဟာမင်းခေါင်လမ်းရှိ စိန်ဂေဟာတွင် မီးလောင်မှုဖြစ်ပွားကြောင်း 191 Report application မှ သတင်းပေးပို့လာပါသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် အုပ်စုများထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ည ၇ နာရီ ၄၈ မိနစ်တွင် Level 1 ယာဉ်အုပ်စုများ၊ ည ၈ နာရီ ၁၃ မိနစ်အချိန်တွင်ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ယာဉ်အုပ်စုများနှင့် level 2 ယာဉ်အုပ်စုများ၊ ည ၈ နာရီ ၃၃ မိနစ်အချိန်တွင် Level 3 ယာဉ်အုပ်စုများ ထွက်ခွာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“အခုက မီးညွန့်ကျိုးသွားပါပြီ။ မီးကိုနိုင်သွားပြီ။ အတွင်းမှာ လှိုက်လောင်နေတာတွေနဲ့ မီးခိုးတွေထွက်နေတာကို လုံးဝငြိမ်းသွားအောင် အပြီးသတ်ငြှိမ်းနေတာ”ဟု မီးလောင်ပြင် ရောက်ရှိနေခဲ့သည့် ပရဟိတအဖွဲ့တစ်ခုက MT News သို့ ဇန်နဝါရီ ၂၇ ရက်နေ့ ညက ပြောသည်။

အဆိုပါ နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါ ကြပ်မတ်ငြှိမ်းသတ်ခဲ့ပြီး လတ်တလောတွင်မူ ထိခိုက်မှု၊ ဆုံးရှုံးမှုနှင့် မီးစတင်လောင်ကျွမ်းသည့် ဖြစ်စဥ်များ သိရှိရမှူ မရှိသေးချေ။

Leave a Reply

Your email address will not be published. Required fields are marked *