MT News

Written by Tha Doe

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်အလယ်ဗဟိုဌာနများတွင် ဌာပနာတော် လှူဒါန်းလိုသူများအနေဖြင့် ဖေဖော်ဝါရီ ၈ ရက်အထိ ဆက်သွယ်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း လှူဒါန်းလိုသူများအတွက် ထုတ်ပြန်အသိပေးထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထည့်သွင်းပူဇော်မှုကို ဇန်နဝါရီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

SAC အစိုးရအဖွဲ့၏ ဌာပနာပူဇော်မှုများအပြင် ခုနစ်ရက် သားသမီး အများပြည်သူ၏ ဌာပနာအလှူများဖြင့်ပါ ထပ်မံထည့်သွင်းလှူဒါန်း ပူဇော်မည်ဖြစ်ပါသဖြင့် ကုသိုလ်တော်ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာကုသိုလ်ပြုနိုင်ရန်အတွက် လှူဒါန်းပူဇော်လိုသည့် ခုနစ်ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များအနေဖြင့် ဒုတိယဗိုလ်မှူးကြီးအောင်ထက်ဟိန်း ၀၉-၂၀၁၄၄၇၀ နှင့် ဒုတိယဗိုလ်မှူးကြီးအောင်ကိုကို ၀၉-၂၅၉၀၉၉၈၉၉ ဖုန်းနံပါတ်များသို့ ဖေဖော်ဝါရီ ၈ ရက် နောက်ဆုံးထား၍ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *