MT News

Written by Thi Ha

မွန်ပြည်နယ် ၊ သံဖြူဇရပ် – ရေး လမ်းမကြီး ၊ ကနင်ကမော့ရွာနှင့် အောင်သာယာရွာအကြားတွင် ဇန်နဝါရီ ၂၇ ရက် ည ၇ နာရီ ဝန်းကျင်ခန့်က ပရိုဘောက်(Probox) ယာဥ်နှင့် ခရီးသည်တင်အိတ်စပတ်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ပရိုဘောက်ပေါ်ပါ လူ ၅ ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်အခြေစိုက် ကရုဏာရှင်ပရဟိတ အသင်းမှ သိရသည်။

“ရှေ့ကားကို ပရိုဘောက်ယာဥ်က ကျော်အတက်မှာ ကွေ့ကြောဖြစ်နေတာရောကြောင့် တစ်ဖက်ကလာတဲ့ ခရီးသည်တင်ယာဥ်နဲ့ မျက်နှာချင်းဆိုင်တိုက်တာပါ။ Probox ပေါ် ပါလာတဲ့ ခရီးသည်နဲ့ ယာဉ်မောင်းတို့ အားလုံး စုစုပေါင်း ၅ ယောက် သေဆုံးသွားပါတယ်” ဟုအဆိုပါအသင်းမှ တာဝန်ရှိသူက MT News သို့ပြောသည်။

ခရီးသည်တင်ယာဥ်နှင့် တိုက်မိမှုကြောင့် ကြေမွပျက်စီးသွားသည့် ပရိုဘောက်ယာဥ်ပေါ် ညပ်နေသော Deadbody များအား ရွှေဟင်္သာလူမှုကူညီရေးအသင်း ၊ မေတ္တာရှေ့ထားလူမှုကယ်ဆယ်ရေးအသင်း(အစင်)၊ လမိုင်းလူငယ်ပရဟိတအသင်း နှင့် အနီးအနားပတ်ဝန်းကျင်ရှိ အရပ်သားများ ဝိုင်းဝန်း ဆွဲထုတ်ခဲ့ပြီး ရွှေဟင်္သာလူမှုကူညီရေးအသင်းနှင့်

လမိုင်းလူငယ်ပရဟိတအသင်းမှ သူနာတင်ယာဥ်များဖြင့် လမိုင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *