Photo News

Photo – Tha Doe

ငါတို့မပျော်ရင် မင်းတို့လည်း မပျော်ရဘူးဆိုတဲ့ အဓိပ္ပါယ်မဲ့ကန့်သတ်ချက်တွေနဲ့ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ပြည်သူတွေ မြန်မာ့ရိုးရာဓလေ့အတိုင်း ဘုရားသွား ကျောင်းတက်ချိန်မှာ ဗုံးခွဲတိုက်ခိုက်ကြတာကြောင့် အကြမ်းဖက်ဗုံးခွဲသူတွေရန်ကို ကြောက်ရွံ့နေရတဲ့ကြားက ပင်ပန်းမှုတွေ အမောဖြေဖို့ဖြစ်ဖြစ် ဝမ်းရေးအတွက်ပဲဖြစ်ဖြစ် ဘုရားပွဲစျေးသည်၊ ဘုရားပွဲလာဧည့်သည်တွေနဲ့ ဥက္ကလာပဘုရားပွဲကတော့ ​အေးချမ်းစွာ စည်ကားနေပါတယ်။

ဥက္ကလာပဘုရားပွဲနဲ့ အရန်စေတီတော်ရှစ်ဆူကိုပါ ပဥ္စမအကြိမ်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှုပူဇော်ဖို့နဲ့ ဥက္ကလာပစေတီတော် ရှေးဟောင်းခုနစ်ဆူဘုရားနဲ့ အောင်တော်မူစေတီတော်ရဲ့ ၃၃ ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ဟာ ဖေဖော်ဝါရီ ၂ ရက်မှာ ပြီးဆုံးမှာပါ။ စေတီတော်ပရဝုဏ်နဲ့ စေတီတော်ရင်ပြင်မှာ ဆိုင်ခန်းအပြည့်ရှိနေသလို ဟိုးလွန်ခဲ့တဲ့ ကိုဗစ်မဖြစ်ခင်ကာလလောက် မစည်ကားပေမဲ့လည်း ဒီနေ့ခေတ်ကာလလိုမျိုး သူတစ်ပါးပျော်နေချိန်မနာလိုမရှုစိမ့်နဲ့ ဗုဒ္ဓဘာသာဘုရားပွဲတော်တွေကို ထိပါးတိုက်ခိုက်နေချိန်မှာ ပွဲခင်းအပြည့်နဲ့ ယာဥ်ကြောတွေပိတ်နေတာကလည်း စည်ကားတယ်လို့ ဆိုရမယ်မဟုတ်ပါလား။

ဗုဒ္ဓဘာသာဝင်တွေနဲ့ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းတွေဟာ ဘယ်သူ့ကိုမှမထိပါးပေမဲ့လည်း ဒီလိုမျိုးဓလေ့ထုံးတမ်းတွေကို ပျက်ပြားအောင်တိုက်ခိုက်နေသူတွေ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ပြီး ထိပါးတိုက်ခိုက်လာချိန်မှာတော့ ခန္တီစတရားနဲ့ လက်နက်မဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ အကြမ်းဖက်သမားတွေ လက်နက်ကိုင်တွေပေးတဲ့ဒဏ်ကို ရင်စည်းခံရုံကလွဲရင် အခြားမရှိပေမဲ့လည်း ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ ပဋိပက္ခကြီးပြီးဖို့နဲ့ ဘုရားပွဲတော်တွေကို ဗုံးခွဲဖျက်ဆီးနေသူတွေ ဆက်မလုပ်ကြဖို့ ဆုတောင်းနေကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *