MT News

ဇန်နဝါရီ ၂၇ ရက် ပြင်ပဈေးကွက်တွင် ရွှေတစ်ကျပ်သားကျပ် ၂,၈၄၀,၀၀၀ အထိရှိပြီး ငါးရက်အတွင်း ကျပ်သုံးသောင်းခန့် မြင့်တက်ခဲ့ကာ ငွေလဲလှယ်နှုန်းမှာလည်း အနည်းအငယ် လိုက်ပါမြင့်တက်ခဲ့သည်။

ဇန်နဝါရီ ၂၇ ရက်တွင် ပြင်ပဈေးကွက်၌ ပြည်တွင်းရွှေဈေးနှုန်း တစ်ကျပ်သား ကျပ် ၂,၈၄၀,၀၀၀ အထိရှိလာပြီး ဇန်နဝါရီ ၂၃ ရက်နှင့် နှိုင်းယှဥ်ပါက ‌ရွှေတစ်ကျပ်သား ကျပ် ၂၇,၀၀၀ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ငွေလဲ လှယ်နှုန်းမှာလည်း ဇန်နဝါရီ ၂၇ ရက်တွင် တစ်ဒေါ်လာကျပ် ၂,၈၆၀ ရှိပြီး ငါးရက်အတွင်း အနည်းငယ်မြင့်တက်ခဲ့သည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဇန်နဝါရီ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၂,၈၁၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၅၀ ကျပ်၊ ဇန်နဝါရီ ၂၄ ရက်တွင် ရွှေဈေးနှုန်း ၂,၈၂၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၅၀ ကျပ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ရွှေဈေးနှုန်း ၂,၈၂၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၅၅ ကျပ်၊ ဇန်နဝါရီ ၂၆ ရက်တွင် ရွှေဈေးနှုန်း ၂,၈၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂၈၆၀ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *