




၃၀. ၅. ၂၀၂၅
Written by Tha Doe
ပြီးခဲ့တဲ့ One Friday Fight 95 မှာ အဲမွီကို အသာစီးထိုးပြီးမှ မတော်ချီတစ်ချက်နဲ့ ရှုံးခဲ့တဲ့ မူဂါဆီတိုဟာ ဒီနေ့ပွဲမှာ စူပါရေချမ်းကို အနိုင်ရမှ အဲမွီကို မကျေပွဲ နွှဲနိုင်မှာမို့လို့ ဒီနေ့ည One Friday Fight 110 မှာ စနစ်တကျပြင်ဆင်လာခဲ့တာ တွေ့ရသလို စူပါရေချမ်းကို အမှတ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။
အသက်အရွယ်ကလည်း ၂၈ နှစ်အရွယ်နဲ့ အကောင်းဆုံးအသက်အပိုင်းအခြားဖြစ်နေသလို စူပါရေချမ်းထက်လည်း ငါးလက်မပိုမြင့်နေတဲ့ မူဂါဆီတိုဟာ
ပထမအချီမှာဆို အရပ်အသာ၊ လက်တံခြေတံအသာနဲ့ အကွာအဝေးထိန်းပြီး အသာစီးယူဖို့ကြိုးစားတာပါ။ ဒါပေမဲ့ စူပါရေချမ်းက အနာခံ ဝင်ပူးထိုးတဲ့အချိန်မှာ မူဂါဆီတိုရော စူပါရေချမ်းပါ အထိနာပေမဲ့ မူဂါဆီတို သုံးလေးချက်ဆင့်ထိချိန်မှာ ပွဲဖြတ်နိုင်ခွင့်ရပေမဲ့ စူပါရေချမ်း မလုပ်နိုင်ခဲ့ပါဘူး။
ဒုတိယအချီမှာ စူပါရေချမ်းရော မူဂါဆီတိုပါ အတင်းပူးထိုးကြတဲ့အခါ စူပါရေချမ်း ကြမ်းပြင်ပေါ် သုံးခါလဲကျပေမဲ့ ကံကောင်းထောက်မစွာ အမှတ်စဥ်ရေခံရတဲ့အထိမဖြစ်လိုက်ဘဲ အချိန်ပြည့်သွားလို့ကံကောင်းခဲ့ပြီး ထိချက်အရ စူပါရေချမ်း တော်တော်နာပါတယ်။
တတိယအချီမှာဆိုလည်း နှစ်ယောက်စလုံး သက်လုံကျသွားကြပေမဲ့ မူဂါဆီတိုက လိုက်ထိုးသူဖြစ်နေပြီး စူပါရေချမ်း ခံစစ်ပါ။ အဆုံးသတ်မှာလည်း လဲကျသွားတဲ့စူပါရေချမ်းက ပရိသတ်အမြင်အရကို ကံကောင်းလို့ အလဲထိုးမခံရတာဖြစ်ပြီး မူဂါဆီတိုအဖို့ အမှတ်နဲ့နိုင်ပေမဲ့ ထိုက်တန်တဲ့အနိုင်လို့ပြောရမှာဖြစ်ပြီး သူ့အနေနဲ့ အဲမွီကို ပြန်ထိုးခွင့်ရမလားဆိုတာကတော့…။
