၁၈. ၅. ၂၀၂၅
Written by MMAK

◾ ဝက်စ်ဟမ်း Vs နော်တင်ဟန်ဖောရက်
ချန်ပီယံဝင်ခွင့်ရဖို့အတွက် အနိုင်ရဖို့လိုအပ်နေတဲ့ ဖောရက်အသင်းရဲ့ ပြားတစ်ဆယ်အရှုံးဆိုတဲ့ ဘော်ဒီကြေးက ပျော့နေတယ်လို့ ခံစားရပြီး ဂိုးပေါင်းကြေးက နှစ်လုံးအရှုံးပေါက်နေပါတယ်။ ပထမအကျော့မှာ သရေအရှုံးပေးခဲ့တာကြောင့် ပြားငါးဆယ်လောက်က အနိမ့်ဆုံးပေးရမှာဖြစ်သလို အနိုင်ရဖို့ပါ လိုအပ်နေတာကြောင့် ပြားခုနစ်ဆယ်လောက် ပေးရမယ်လို့ ထင်ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းနောက်ဆုံးပွဲဖြစ်တာကြောင့် အားထည့်ကစားလာမှာ ဖြစ်တယ်ဆိုတဲ့အချက်နဲ့တင် ဒီကြေးပေးတာဟာ ပျော့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဖောရက်အသင်းရဲ့ အိမ်ကွင်းပွဲမှာ တန်းဆင်းသွားရတဲ့ လက်စတာအသင်းကို အနိုင်မရခဲ့တာကြောင့် နည်းပြနူနိုဆန်းတို့နဲ့ အသင်းပိုင်ရှင်တို့ စကားများခဲ့ကြပြီး နည်းပြနူနိုဆန်းတို့က နောက်ရာသီမှာ အသင်းကထွက်မယ်လို့ သတင်းထွက်နေတာကြောင့် ဖောရက်အသင်းမှာ စည်းလုံးမှုပြိုကွဲနေပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်လည်း ဖောရက်အသင်းရဲ့ခြေစွမ်းက သာမာန်အနေအထားဘဲ ရှိတော့တာကြောင့် ဒီခြေစွမ်းနဲ့ ဒီပေါက်ကြေးနဲ့ဆိုရင် အနိုင်ရဖို့မလွယ်ပါဘူး။ ဒီပွဲစဉ်မှာ အိမ်ရှင်ဝက်စ်ဟမ်းအသင်း မရှုံးနိုင်ဘူးလို့ ယူဆထားတာကြောင့် ဝက်စ်ဟမ်းဘော်ဒီကို ကြိုက်ပါတယ်။

◾ ဘရန့်ဖို့ Vs ဖူဟမ်
ဘရန့်ဖို့အသင်းက နောက်ဆုံးလေးပွဲဆက် အနိုင် ရထားပြီး တိုက်စစ်ကလည်း ဂိုးမြူးနေတာကို တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ အိမ်ကွင်းကစားရမှာ ဖြစ်ပေမဲ့ ဘော်ဒီကြေး ပြားရှစ်ဆယ်သာပေးထားပြီး ဂိုးပေါင်းကြေးက သုံးလုံးသရေ ပေါက်ပါတယ်။ ဖူဟမ်အသင်းက နောက်ဆုံးငါးပွဲမှာ လေးပွဲရှုံးပြီး တစ်ပွဲသာ နိုင်ခဲ့တာကြောင့် ခြေစွမ်းသိပ် မကောင်းတာကို တွေ့ရပါတယ်။ ဘရန့်ဖို့အသင်းအနေနဲ့ အိမ်ကွင်းဖြစ်နေသလို လက်ရှိခြေစွမ်းကလည်း ကောင်းနေတာကြောင့် တစ်လုံးရှစ်ဆယ်စားလောက်ထိ ပေးသင့်တာဖြစ်ပါတယ်။ အနောက်လန်ဒန် ဒါဘီပြိုင်ပွဲဖြစ်တာကြောင့် ပြားအနည်းငယ် ထပ်လျှော့ရမယ်ဆိုရင်တော့ ပြားရှစ်ဆယ်စားဆိုတဲ့ ဘော်ဒီကြေးဟာ ပျော့တယ်လို့ ပြောလို့မရပြန်ပါဘူး။ ပွဲချိန်နီးကပ်လာရင် သရေအရှုံးလောက်ထိ ကြေးတက်လာမယ်လို့ ထင်ပါတယ်။ ပုံမှန်လိုရွေးချယ်ကြေးဆိုရင်တော့ လေးပွဲဆက်နိုင်ထားတဲ့ ဘရန့်ဖို့အသင်းက ဒီပေါက်ကြေးဆိုရင် ကြေးကျနိုင်တာကြောင့် ဖူဟမ်အသင်းကို ရွေးချယ်မိမှာပါ။ သို့ပေမဲ့ ဘရန့်ဖို့အသင်းရဲ့ ခြေစွမ်းက ပိုကောင်းတယ်လို့ ယူဆထားပြီး အိမ်ကွင်းနောက်ဆုံးပွဲလည်း ဖြစ်နေပါတယ်။ ပေါက်ကြေးကို ပျော့တယ်လို့ မထင်ထားသလို ထိုးသားရွေးချယ်မှုမှာလည်း အရမ်းစောင်းမနေဘဲ မျှတနေတာကြောင့် ရစ်သမ်မှန်နေတဲ့ ဘရန့်ဖို့အသင်း အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ဒါဘီပြိုင်ပွဲဖြစ်တာကြောင့် သူတင်ကိုယ်တင်ကစားမယ်ဆိုရင် အိမ်ကွင်းဖြစ်တဲ့ ဘရန့်ဖို့အသင်းက ပိုကောင်းအောင် ကစားနိုင်တယ်လို့ ယူဆထားတာကြောင့် ဘရန့်ဖို့ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

◾ လက်စတာ Vs အစ်ဆွချ်
တန်းဆင်းသွားတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့နေတာဖြစ်တာကြောင့် ဂုဏ်သိက္ခာအရသာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပထမအကျော့မှာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီး တစ်ပွဲကို နှစ်ဂိုးနှုန်းလောက်ပေးနေရတဲ့ ခံစစ်တွေကို ပိုင်ဆိုင်ထားပါတယ်။ ခံစစ်မကောင်းကြဘူးဆိုပေမဲ့ တိုက်စစ်ကတော့ အရမ်းညံ့တဲ့အသင်းတွေ မဟုတ်ဘဲ သူလိုကိုယ်လိုအသင်းတွေကတော့ ဂိုးသွင်းထားနိုင်တာကို တွေ့ရပါတယ်။ ဒီပွဲစဉ်မှာ လက်စတာအသင်းက ဘော်ဒီကြေး ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ ဂိုးပေါင်းကြေး ပြင်းရှနေတာကို တွေ့ရပြီး ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုတွေမှာ သရေကျတာများသလို အများဆုံးအနေနဲ့ သုံးဂိုးလောက်သာတွေ့ရတတ်ပါတယ်။ နှစ်သင်းလုံးရဲ့ တိုက်စစ်တွေက သိပ်မဆိုးဘူးဆိုပေမဲ့ ခြေရည်တူနေပြီး အညံ့ခြင်းပြိုင်နေကျရင် ဂိုးမရတတ်ဘဲ တိုင်ပတ်နေတတ်ပါတယ်။ ပွဲချိန်နီးကပ်လာရင် ဂိုးပေါင်းကြေး ပြားနှစ်ဆယ်လောက် ထပ်ကျလာဦးမယ်လို့ ထင်သလို နှစ်သင်းပေါင်း လေးဂိုးရောက်ဖို့ဆိုတာ ခက်ခဲမယ်လို့ ထင်ပါတယ်။ လူကြိုက်များလာနိုင်တဲ့ လက်စတာနဲ့ ဂိုးပေါ်ဟာ စုံအောင်ဖို့ ခက်ခဲနိုင်တာကြောင့် အောက်တစ်ကွက်တော့ သေချာ ပေါက် ပြန်စားရတတ်ပါတယ်။ ဒီပွဲစဉ်မှာ အများဆုံးအနေနဲ့ သုံးဂိုးလောက်သာ တွေ့ရနိုင်တာကြောင့် ပြားလေးဆယ်ရင်းပြီး ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾အာဆင်နယ် Vs နယူးကာဆယ်
ဒီနှစ်သင်း တွေ့ဆုံမှုဟာ ပြိုင်ဆိုင်မှုပြင်းထန်ဦးမဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ ပထမအကျော့မှာ အငြင်းပွားဖွယ်ဂိုးနဲ့ အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့သလို
ကရာဘောင်းဖလားမှာလည်း နှစ်ကျော့လုံး ရှုံးခဲ့ပြန်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဒီပွဲပါ ထပ်ရှုံးရင် ဒုတိယနေရာကပါ ဖယ်ပေးရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး ပြားကိုးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အိမ်ကွင်းပွဲဖြစ်တာကြောင့် အနိုင်ရလဒ်ကို ဦးတည်ကစားလာနိုင်တယ်ဆိုပေမဲ့ သရေကျသွားရင်လည်း ပြဿနာတော့ မရှိပါဘူး။ နယူးကာဆယ်အသင်းကလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် အနိုင်မရရင်တောင် သရေလောက်ရထားရင် အခြေအနေကောင်းပါတယ်။ နှစ်သင်းလုံးအတွက် သရေရလဒ်ဟာ အကောင်းဆုံး ဖြစ်သလို တစ်သင်းသင်း ဂိုးရခဲ့ရင် ဂိုးရတဲ့အသင်းက ပိတ်ကစားလာနိုင်တာကြောင့် သွင်းဂိုးတွေအများကြီး မြင်ရဖို့ ခက်မယ်လို့ ထင်ပါတယ်။ အိမ်ရှင်အာဆင်နယ်အသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်ရင်နိုင် မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ သရေကျသွားမယ်လို့ ထင်ပါတယ်။ ဂိုးပေါင်းကြေးကလည်း အများဆုံးရောက်မှ သုံးဂိုးလောက်ဘဲလို့ ယူဆထားတာကြောင့် ဂိုးအောက်ကိုလည်း ကြိုက်ပါတယ်။ အောက်ကြေးနှစ်ခုမှာ တစ်ခုအနိုင်ရနိုင်ပြီး ကံကောင်းရင် နှစ်ခုလုံးတောင် အနိုင်ရနိုင်တာကြောင့် အောက်အသင်းဖြစ်တဲ့ နယူးကာဆယ်ဘော်ဒီနဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။
