
၁၈.၅.၂၀၂၅
Written By Thandar
လူတိုင်းလှပကျော့ရှင်းစေဖို့ တစ်နေရာတည်းမှာ ဆောင်ရွက်ပေးတဲ့ Htet Eaindra Nail Art, Spa, Hair Care ဖွင့်ပွဲအခမ်းအနားကို ယနေ့ မေလ ၁၈ ရက် နံနက် ၁၀ နာရီက သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက်ရှိ အမှတ် 570/ B မှာ အနုပညာရှင် စုရှိုင်းနဲ့ တက်သစ်စမော်ဒယ်လ်တွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။
“ကိုယ့် ညီမလေးဆိုင်ဆိုတော့ အားလည်းလာပေးရင်းဆိုင်ဖွင့်ပွဲလေးကို တက်ရောက်ပေးဖြစ်တာပါ။ ဒီဘက်ခေတ်မှာက အလှအပနဲ့ ပတ်သက်ရင် မိန်းကလေးဖြစ်ဖြစ်၊ ယောကျ်ားလေးဖြစ်ဖြစ် အကုန်လုံးက လိုအပ်ကြတယ်။ Nail ပိုင်းနဲ့ ပတ်သက်ရင် ကိုယ်တွေအတွက်လည်း တကယ်ကို လိုအပ်တယ်လေ။ ကာရိုက်တာအရ ကိုယ်တွေအမျိုးမျိုး ပြင်ဆင်နေရတာမို့လေ။ စိတ်လည်းရှည်တာမို့ ဆံပင်ရယ်၊ လက်သည်း၊ ခြေသည်းလေးတွေ ပြင်သွားဖို့ရှိပါတယ်။ ညီမလေးဆိုင်လေးလည်း ဒီထက်မက အောင်မြင်မှုတွေ ရစေဖို့ ဆုတောင်းပေးပါတယ်” လို့ သရုပ်ဆောင် စုရှိုင်းက MT Entertainment ကို ပြောပါတယ်။

အဆိုပါ ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ ယနေ့ မေ ၁၈ ရက်ကနေ ၂၃ ရက်အထိ ၅၀ ရာခိုင်နှုန်း အထူးလျှော့ဈေးတွေနဲ့ ဝန်ဆောင်မှုတွေပေးထားတယ်လို့ သိရပါတယ်။
“အလှအပပိုင်းမှာက ညီမတို့က Nail၊ Food Spa၊ Hair ပိုင်း၊ မျက်နှာပိုင်းနဲ့ပတ်သက်ရင်လည်း အကုန်လုံးကို တစ်နေရာတည်းမှာ ရဖို့အတွက် ဝန် ဆောင်မှုပေးထားပါတယ်။ ဒီမှာက အလှအပပိုင်းနဲ့ပတ်သက်ရင် ကျွမ်းကျင်တဲ့သူတွေကပဲ စိတ်တိုင်းကျ စိတ်ကျေနပ်တဲ့အထိ ညီမတို့ဘက်ကလည်း အစွမ်းကုန်ဆောင်ရွက်ပေးပါတယ်”လို့ Htet Eaindra Nail Art, Spa, Hair Care ရဲ့ Founder မထက်အိန္ဒြာက ပြောပါတယ်။