
၁၈. ၅. ၂၀၂၅
Photo Tha Doe

မြန်မာနိုင်ငံမှာ ပထမဆုံးထီးတင်တဲ့၊ နှစ်ပေါင်း ၁၆၀ ကျော်ရှိပြီမို့ သက်တမ်းအရင့်ဆုံး ဘုရားကျောင်းလည်းဖြစ်တဲ့ ကျောက်တန်းမြို့နယ် ပီလခတ်ကျေးရွာက ပီလခတ်ဟိန္ဒူဘုရားကျောင်းဟာ ဆုတောင်းပြည့်မှုကြောင့်လည်း နာမည်ကျော်ပါတယ်။

ပီလခတ်ဟိန္ဒူဘုရားကျောင်းဟာ သားတော်ကျောင်း (ဆုတောင်းပြည့် စရီမဟာမူနီ(စ်)ဝရရ် ဘုရား)၊ မယ်တော်ကျောင်း (ဆုတောင်းပြည့် စရီအန်ဂါလဲ အီ(စ်)ဝရီ) နဲ့ကွင်းပိုင်ကြီးကျောင်း(ပူကျီအယား) တွေနဲ့ စုစည်းထားပြီး လာသမျှဝတ်ပြုဆုတောင်းသူတွေအတွက်လည်း နေ့စဥ် ဆန်အိတ် ၂၅ အိတ်ကုန်အောင် သားသတ်လွတ်ထမင်းနဲ့ ပဲဟင်း အခမဲ့ချက်ပြုတ်ကျွေးမွေးနေပါသေးတယ်။

ပီလခတ်ကျောင်းဟာ ဆုတောင်းပြည့်တယ်လို့ နာမည်ကျော်မှုကြောင့် အိန္ဒိယ၊ မလေးရှားစတဲ့နိုင်ငံတွေက လာရောက်ပသကြသလို အခြားသောဘာသာဝင်တွေကလည်း ကန်တော့ပွဲကပ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအကုန်လုံးအပြင် အိမ်၊ ခြံ၊ မြေ၊ ကား၊ အထုပ်အထည်လိုက်ပွားများအောင် ဆုတောင်းကပ်လှူကြပြီး အဓိဌာန်ပြည့်ရင်လည်း အောင်ပွဲလာ ပသတတ်ကြတာမို့ ဒီနေ့လို ပိတ်ရက်မျိုးဆို ကြိတ်ကြိတ်တိုး စည်ကားနေပြန်ပါသေးတယ်။

