၁၄.၅.၂၀၂၅
Written By Zun
KTVနှင့်တည်းခိုခန်း ဖွင့်ထားသည့် တည်းခိုခန်းအတွင်း အမျိုးသားတစ်ဦး သေဆုံးမှု ယနေ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့မေလ ၁၄ ရက် နံနက်က ရန်ကုန်တိုင်းတိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်း၂၃၊ ရွှေလင်ဗန်းရှိ မော်ဒန် KTVနှင့်တည်းခိုခန်း ဖွင့်လစ်ထားသည့် တည်းခိုခန်းအတွင်း အမျိုးသားတစ်ဦး သေဆုံးလျက် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ လှိုင်သာယာမြို့နယ်အမှတ် ၁ ရပ်ကွတ်၊ မြေတိုင်း ၁၂၊ မဟောသဓလမ်း၌နေထိုင်သူ သက်လတ်ပိုင်းအရွယ် မောင်ရန်မျိုးအောင် ဖြစ်ကြောင်းသိရသည်။
ယင်း၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က စစ်ဆေးမှုမှတ်တမ်းရယူပြီး လှိုင်သာယာပြည့်သူ့ဆေးရုံကြီးသို့ လူမှုကူညီရေးအဖွဲ့ယာဉ်ဖြင့် ပို့ဆောင်ထားကြောင်းသိရသည်။
“အခုသေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေတဲ့ကာလပဲရှိပါသေးတယ်။ သေဆုံမှုဟာ ပယောဂကြောင့်လား၊ ရိုးရိုးလားဆိုတာ စစ်ဆေးနေဆဲပါ”ဟု ရဲတပ်ဖွဲ့နီးစပ်သူတစ်ဦးက MT News ကိုပြောသည်။
Photo -TP
