




၁၃.၅.၂၀၂၅
Written By Thandar
Lotus Film Production က သရဲဟာသ ဇာတ်လမ်းပုံစံ “နေမဝင်ရွာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ မေလ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်က ဒီဇာတ်ကားမှာ ရွာက ကာလသားခေါင်းဆောင် ဘဦးဆိုတဲ့ ကာရိုက်တာက ပါဝင်ထားပါတယ်။ ထူးဆန်းလှတဲ့ ရွာကြီးတစ်ရွာကို ရောက်ရှိလာတဲ့ ဇာတ်သဘင်အဖွဲ့အကြောင်းလေးကို ပုံဖော်ထားတာပါ။ ဒီကားက ကျွန်တော် ၂၀၁၃ /၂၀၁၄ ခုနှစ်လောက်က ကိုယ်တိုင်ချရေးထားတဲ့ ဇာတ်လေးပါ။ ခုမှ အကောင်အထည်ဖော်တဲ့ ဇာတ်လမ်းလို့ ပြောလို့ရပါတယ်။ ကိုယ်တိုင် စီစဉ်ထုတ်လုပ်ရတဲ့ ဇာတ်ကားမို့ တော်တော်လေး အလုပ်တွေရှုပ်ခဲ့တာပေါ့နော်”လို့ အကယ်ဒမီ ထွန်းထွန်းက ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း အကယ်ဒမီ ထွန်းထွန်း၊ ဇာတ်ညွှန်း မင်းကိုစိုး၊ ဒါရိုက်တာ အောင်ချမ်းလူက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ထွန်းထွန်း၊ ဖြိုးငွေစိုး၊ အကယ်ဒမီ ကျော်ကျော်ဗို၊ တင်မောင်ဆန်းမင်းဝင်း၊ ဝေဖြိုး၊ ဖူးစုံ၊ စနိုးကြည်ဖြူ၊ ဇွဲရတီ၊ ငှက်ပျောကြော်၊ ဆင်မနဲ့ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။
“နေမဝင်ရွာ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မေလ ၁၆ ရက်နေ့မှာ စတင်ပြီး တစ်နိုင်ငံလုံးက အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ပြသမှာဖြစ်ပါတယ်။