




၇.၅.၂၀၂၅
Written By Thandar
မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသတွေ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် ရုပ်ရှင်၊ သဘင်၊ ဂီတ ပဒေသာကပွဲကြီးကို မေလ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ ညနေ ၆ နာရီတိုင်းမှာ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီးမှာ ကျင်းပမှာ ဖြစ်ပါတယ်။
” ကျွန်တော်တို့တွေ အနေနဲ့ ငလျင်ဘေးသင့်ပြည်သူတွေ ပြန်လည် ထူထောင်ရေးအတွက် ဦးညွန့်ဝင်းရဲ့ အချော့တော်သီချင်းကို ပြဇာတ်ပြန်ကကြမှာပါ။ ပြည်သူတွေကို ချော့ပေးမယ့် အချော့တော်တွေပါ။ တက်ညီ လက်ညီနဲ့ ဖျော်ဖြေကြမှာပါ။ နာမည်ရရေးမဟုတ်ဘဲ ငွေရပြီး လှူနိုင်ဖို့ပဲတွေးပြီး ကူညီပါဝင်အားဖြည့်ရင်း လုပ်ဆောင်ကြမှာပါ”လို့ သရုပ်ဆောင် တင်မောင်စန်းမင်းဝင်းက ပြောပါတယ်။
အဆိုပါ သုံးရက်တာဖျော်ဖြေပွဲမှာတော့ ဇာတ်လမ်း သစ္စာ၊ မေတ္တာနဲ့ ရွှေမန်းသဘင်၊ တေးရေး ချိုတေးဆက်နဲ့ ဦးအောင်ကိုး၊ ဒါရိုက်တာ တင်မောင်ဆန်းမင်းဝင်းက “ပြည်သူ့အချော့တော်” (တေးသရုပ်ဖော်ပြဇာတ်)အနေနဲ့ နက္ခတ်၊ စိုင်းစည်တွမ်ခမ်း၊ နေထွဋ် ၊ နော်ဖောအယ်ထား၊ မေပန်းချီ၊ မေလသံစဉ်၊ အေးသန္တာဗို၊ အကယ်ဒမီ အောင်ခိုင် ၊ အကယ်ဒမီ ဝါဝါအောင်၊ ဖူးချစ်၊ အောင်ကိုဟိန်း၊ ထက်မြတ်အောင်၊ မေတ္တာမြင့်မြတ်ဟိန်း၊ ဘူးသီး၊ ကိုလူချောအဖွဲ့၊ မမများအဖွဲ့ ပါဝင် ဖျော်တင်ဆက်ကြမှာဖြစ်ပါတယ်။
ဇာတ်လမ်း၊ ဇာတ်ညွန်း သက်ဦးမောင်၊ တွဲဖက်ဒါရိုက်တာနေသူရိန်၊ ဒါရိုက်တာ စိုးမိုးမင်းတို့က”ငါတို့ အားလုံးလူ… အတူတူ” ခေါင်းစဉ်နဲ့ ကောင်းမြတ်စံ၊ ရှင်မွေလ၊ မင်းဘုန်းမြတ် ၊ သျှင်ရဲထွဋ် ၊ ဒီပါကျော်၊ ပန်းသီး၊ မောင်ကင်း၊ ပီယ၊ အောရိန်း ၊ မဂ္ဂ၊ သန့်ဇော်ထွန်း၊ အကယ်ဒမီ ခြူးလေး၊ ခြူးစစ်ဟန်၊ ဆောင်းယွန်းစံ၊ ဧကရီစုစံ၊ ချိုမဒီသွင်၊ Ashley Bay Bay၊ ပြည့်ပြည့်ဘုန်းမြတ်၊ တာတာ၊ မေသရ၀ဏ်၊ သဒ္ဒါနန်းထိုက်၊ သော်တာလှိုင်ထွန်း၊ ကျော့ကျော့၊ ဩဩ၊ မိုကိုခန့်တို့က ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။
တေးရေး အင်္လကာကျော်စွာမြို့မငြိမ်း၊ ထူးအိမ်သင်၊ မြင့်မိုးအောင်၊ ရဲလေးနဲ့ တို့နဲ့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က “မနက်ဖြန်များလှပါစေ” ခေါင်းစဉ်နဲ့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေး၊ Dancer (Life&Dance)၊ ခိုင်လေး (Secret Pieces)၊ 3H Art Academy က သင်တန်းသူတို့ပါဝင်တင်ဆက်ကြမှာဖြစ်ပါတယ်။
ဇာတ်လမ်း ၊ ဇာတ်ညွန်းနဲ့ ဒါရိုက်တာ သန်းထိုက်(ရွှေရိပ်)က “အချစ်ဆုံးအပေါင်ဆိုင်” ဟာသတစ်ခန်းရပ်ပြဇာတ်ကို ကျော်ထက်အောင်၊ ကျော်ထက်ဇော်၊ မင်းတော်ဝင်၊ ကိုကိုဦး၊ သီဟအောင်၊ မင်းပိုင်၊ ခင်ဇာခြည်ကျော်၊ အေးဝတ်ရည်သောင်း၊ မမဆောင်းနဲ့ သျှားတို့က ပါဝင်ကြမှာဖြစ်ဆပါတယ်။
တွဲဘက်ဒါရိုက်တာ G ဇာတ်လမ်း၊ဇာတ်ညွန်းနဲ့ဒါရိုက်တာ ညိုမင်းလွင်က “ဖုတ်သွင်းရထား” မရယ်ရလျှင်သရုပ်ဆောင်တွေ ကိုယ်တိုင်ကလိဆင်းထိုးမယ့်ဟာသပြဇာတ်တော်ကြီးကို ရန်အောင်၊သားညီ၊ မာန်ဟိန်း၊ စည်သူမောင်၊ မြယာ စင်သီယာ၊ ကျော်ကျော်နန္ဒ၊ ပိုင်သစ်၊ စစ်မင်း၊ အောင်ပြည့်လျှံ၊ ဗေဒါ၊ ဖြိုးဖြိုး၊ ရွှေမိုး၊ ငွေတိုးတို့ ပါဝင်ကြမှာဖြစ်ပါတယ်။
ငလျင်ကြီး ဘေးဒဏ်သင့်ဒေသများပြန်လည်ထူထောင်ရေး ရန်ပုံငွေ ရုပ်ရှင် ဂီတ သဘင် ပဒေသာကပွဲကြီး ၃ ရက် ကပြဖျော်ဖြေလို့ ရရှိလာတဲ့ ရန်ပုံငွေတွေကို အကျိုးအမြတ်မယူဘဲ ပြန်လည်လှူဒါန်းသွားမှာလည်းဖြစ်ပါတယ်။
အဆိုပါ ပဒေသာကပွဲကြီးမှာ ကြိုတင်လက်မှတ်တွေကို Hot Line: 09 880942792၊ 09 880942793 တို့ကနေ VIP ကျပ် ၅သောင်း၊ ကျပ် ၃သောင်းတို့နဲ့ ဇာတ်ရုံအောက်ထပ် ခုံ ၆၃၂ခုံ နဲ့ ဇာတ်ရုံအပေါ်ထပ် ခုံ ၄၈၂ ခုံ ကို ရောင်းချပေးမှာလည်းဖြစ်ပြီး ပါဝင်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
