
၉. ၅. ၂၀၂၅
Written by Nyein Kyaw
ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားအပြီး ကရင်မလင်နန်းတော်ရှိ ရုရှားသမ္မတ ရုံးအဆောက်အဦတွင် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံတကာမှအကြီးအကဲများ အတူတကွသုံးဆောင်ခဲ့ကြသည်။
SAC ဥက္ကဋ္ဌသည် ယနေ့ နံနက်ပိုင်းတွင် မော်စကိုမြို၊ ရင်ပြင်နီ၌ ကျင်းပပြုလုပ်သည့် မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ နိုင်ငံတကာအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့သည်။







ထို့နောက် SAC ဥက္ကဋ္ဌ၊ နိုင်ငံတကာအကြီးအကဲများသည် ရုရှားသမ္မတနှင့်အတူ ကရင်မလင်နန်းမြို့ရိုးအနီးရှိ အညတရ စစ်သည်ဂူဗိမာန်သို့ ရောက်ရှိကြပြီး ပန်းစည်းချအလေးပြုခဲ့ကြပြီးနောက် ရုရှားသမ္မတ၊ SAC ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှအကြီးအကဲများ၊ တာဝန်ရှိသူများသည် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။
ယင်းနောက် SAC ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှအကြီးအကဲများ၊ တာဝန်ရှိသူများသည် ကရင်မလင်နန်းတော်ရှိ သမ္မတပူတင်၏ ရုံးအဆောက်အဦသို့ ရောက်ရှိကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။