




၉. ၅. ၂၀၂၅
Written by Nyein Kyaw
ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှသည် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာမှ ဆရာတော်၊ သံဃာတော်များအား သွားရောက်ဖူးမြော်ခဲ့သည်။
SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့သည် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်သံဃာတော်များက ဟောကြားသည့် အနုမောဒနာတရားနာယူခဲ့ကြကာ ကောင်းမှုကုသိုလ်အဖို့တို့အား ရေစက်ချအမျှပေးဝေခဲ့ကြသည်။
SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၏ ဇနီး၊ စစ်သံမှူး၏ ဇနီးတို့လည်း လိုက်ပါခဲ့ကြကြောင်း သိရသည်။