




၈.၅. ၂၀၂၅
Written by Thettant
⚽ မန်ယူ ၄ – ၁ ဘီဘာအို
မေဆင်မောင့် ၇၂’၊ ၉၀ + ၁
ကာစီမီယို ၇၉’
ဟွိုင်လန်း – ၈၅
ဂျော်ရယ်ဂီဇာ
(နှစ်ကျော့ပေါင်း ၇ – ၁ ဂိုးဖြင့် မန်ယူက ယူရိုပါလိဂ် ဗိုလ်လုပွဲတက်)
⚽ ဘိုဒိုဂလင့်မ် ၀ – ၂ စပါး
ဆိုလန်ကီ ၆၃’
ပေါ်ရို ၆၉’
(နှစ်ကျော့ပေါင်း ၅ – ၁ ဂိုးဖြင့် စပါးက ယူရိုပါလိဂ် ဗိုလ်လုပွဲတက်)
◾ ချဲလ်ဆီး ၁ – ဒီဂျာဂါဒန်
ဒြူးဘယ်ရီဟော ၃၈’
(နှစ်ကျော့ပေါင်း ၅ – ၁ ဂိုးဖြင့် ချဲလ်ဆီးက ယူရိုပါကွန်းဖရန့်လိဂ် ဗိုလ်လုပွဲတက်)
◾ ဖီအိုရင်တီးနား ၂ – ၁ ဘက်တစ်
အန်တိုနီ ၃၀’အီဇယ်ဇိုလီ ၉၇’
ဂိုဆန် ၃၄’၊ ၄၂’
(နှစ်ကျော့ပေါင်း ၃ – ၄ ဂိုးဖြင့် ဘက်တစ်က ယူရိုပါကွန်းဖရန့်လိဂ် ဗိုလ်လုပွဲတက်)
⚽ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အဝေးကွင်း မန်ယူအသင်းက အိမ်ရှင် ဘီလ်ဘာအိုကို သုံးဂိုးပြတ်အနိုင်ရခဲ့တာကြောင့် အိမ်ကွင်းမှာ နောက်တစ်ဆင့်တက်ဖို့ လွယ်ကူလွန်းပေမဲ့လည်း ဘီလ်ဘာအိုတို့က ဂိုးစသွင်းပြီး ဖိုင်နယ်တက်ဖို့ မျှော်လင့်ချက်ရှိမယောင်ဖြစ်ရပေမဲ့ ဒုတိယပိုင်းမှာ ပိုကောင်းလာတဲ့မန်ယူက လေးဂိုးပြတ်သွင်းယူခဲ့ပြီး ဒီသွင်းဂိုးတွေဟာ မေဆင်မောင့်၊ ကာစီမီယို၊ ဟွိုင်လန်းတို့လို ဂိုးပေါက်ပျောက်နေသူတွေ သွင်းယူသွားတာဖြစ်လို့ အမော်ရင်အဖို့ ဗိုလ်လုပွဲမှာ လူရွေးခက်တော့မှာပါ။ တစ်ဖက်မှာ စပါးကလည်း အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ယူခဲ့တဲ့ ဘိုဒိုဂလင့်ကို အဝေးကွင်းမှာ ၂ ဂိုးပြတ်ထပ်သွင်းခဲ့တာကြောင့် ဗိုလ်လုပွဲမှာ All English Fina အဖြစ် မန်ယူနဲ့ ဆုံရတော့မှာပါ။ ဒီရာသီ မန်ယူဟာ ဥရောပပွဲတွေမှာ ရှုံးပွဲမရှိတာ၊ စပါးကို ငယ်နိုင်လိုဖြစ်တာ၊ ရာသီဝက်မှဝင်လာပြီး ဖိအားဒဏ်ခံနေရတဲ့ အမော်ရင်နဲ့ မန်ယူတစ်သင်းလုံးအဖို့ ဖြေဆေးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူရိုပါလိဂ်ဖလားကို မန်ယူရဖို့များသွားပြီး ကံကြမ္မာဆိုးနဲ့သာမတိုးရင် စပါးကို နိုင်သွားမယ့် အခြေအနေပါ။
⚽ ယူရိုပါကွန်းဖရန့်စ်လိဂ်မှာ ချဲလ်ဆီးက အဆင့်မြင့်တယ်လို့ပြောလို့ရပြီး ပြိုင်ဘက်က လောက်လောက် လားလားမရှိချိန်မှာ အဝေးကွင်းတုန်းက လေးဂိုးသွင်းတဲ့ ဒီဂျာဂါဒန်ကို အိမ်ကွင်းမှာ တစ်ဂိုးသွင်းပြီး ဗိုလ်လုပွဲတက်တာက ဘွတ်ကီတွေကို လုပ်ကျွေးသလိုမို့ ထူးဆန်းတာကလွဲရင် ရလဒ်က အံ့ဩစရာမဟုတ်ပြန်ပါဘူး။ တစ်ဖက်မှာ ဖီအိုရင်တီးနားနဲ့ ရီးရဲလ်ဘက်တစ်တို့က ပွဲချိန်အတွင်းမှာ ပထမအကျော့ရလဒ်အတိုင်း အိမ်ရှင်ဖီအိုရင်တီးနားက ၂ ဂိုး ၁ ဂိုးကို ပွဲချိန်အတွင်း ဖန်တီးနိုင်တာကြောင့် အချိန်ပိုကို ခရီးဆက်ခဲ့တာပါ။ ရီးရဲဘက်တစ်တို့ဟာ အဝေးကွင်းမှာ ဦးဆောင်ဂိုး စသွင်းလို့ နှစ်ကျော့ပေါင်း ၃ ဂိုး ၁ ဂိုးနဲ့ အခြေအနေကောင်းနေတာကို ထိန်းမထားနိုင်တဲ့ အကျိုးဆက်အဖြစ် ၂ ဂိုးပြန်ပေးရပြီး အချိန်ပိုတက်ခဲ့ရပေမဲ့ အချိန်ပို ၉၇ မိနစ်မှာ နောက်တစ်ဆင့်တက်မဲ့ အနိုင်ဂိုးကို ဘက်တစ်တို့သွင်းယူနိုင်ခဲ့သလို အားထုတ်မှုပိုကောင်းတာမို့ ယူရိုပါကွန်းဖရန့်စ်လိဂ်ဖိုင်နယ်မှာ ချဲလ်ဆီးကို ယှဥ်ပြိုင်ရတော့မှာပါ။
