



၈.၅. ၂၀၂၅
Written by MMAK
◾ မန်ယူ Vs ဘီဘာအို
ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဥ်ဖြစ်ပြီး ပထမအကျော့မှာ မန်ယူအသင်းက သုံးဂိုးပြတ်အနိုင်ရထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ သေချာသလောက်ရှိနေပြီလို့ ပြောလို့ရပါတယ်။
စပိန်ကလပ် ဘီဘာအိုအသင်းကလည်း အရမ်းညံ့တဲ့အသင်းမျိုးမဟုတ်ဘဲ ပထမအကျော့မှာ တစ်ယောက်အထုတ်ခံရပြီး ပင်နယ်လ်တီပါ ပေးခံလိုက်ရတာကြောင့် ဂိုးပြတ်သွားတယ်လို့ ပြောလို့ရပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်မန်ယူအသင်းက ဘော်ဒီကြေး ပြားရှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံး ဖြစ်ပါတယ်။ ဘီဘာအိုအသင်းရဲ့ အဓိကအသက်သွေးကြောလို့ ပြောလို့ရတဲ့ အင်နာကီဝီလျှံနဲ့ နစ်ကိုဝီလျှံတို့ ညီအစ်ကိုနှစ်ယောက်လုံး မပါနိုင်ပေမဲ့ မန်ယူအသင်းရဲ့ ပြားရှစ်ဆယ်အရှုံးဆိုတဲ့ ဘော်ဒီကြေးက ပျော့နေတယ်လို့ ခံစားရပါတယ်။ မန်ယူအသင်းအနေနဲ့ အိမ်ကွင်းမှာ ထပ်နိုင်မယ်ဆိုရင် အနိမ့်ဆုံးအနေနဲ့ သရေအရှုံးလောက်ထိ ပေးရမယ်လို့ ထင်ပါတယ်။ မန်ယူအသင်းက သရေကျရင်တောင် မဟုတ်ဘဲ နှစ်ဂိုးပြတ်နဲ့ပြန်ရှုံးခဲ့ရင်တောင် ဖိုင်နယ်တက်မှာဘဲဆိုတဲ့အချက်ကို အဓိကအချက်အနေနဲ့ စဥ်းစားသင့်ပါတယ်။ ယူရိုပါလိဂ်ပွဲစဥ်တစ်လျောက်မှာ ရှုံးပွဲလုံးဝမရှိထားတဲ့ အိမ်ရှင်မန်ယူအသင်းရဲ့ ဘော်ဒီကြေးက ပျော့နေတာကြောင့် ဒီပွဲက သရေကျသွားနိုင်သလို ပထမအကျော့ရဲ့ရလဒ်ကြောင့်လည်း သရေကျသွားနိုင်ပါတယ်။ ဒီအတွက်ကြောင့် အောက်အသင်းဖြစ်တဲ့ ဘီဘာအိုဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ ဘိုဒိုဂလင့် Vs စပါး
ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဥ်ဖြစ်ပြီး ပထမအကျော့မှာ စပါးအသင်းက သုံးဂိုးတစ်ဂိုးနဲ့အနိုင်ရထားပါတယ်။ နော်ဝေးကလပ် ဘိုဒိုဂလင့်အသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပေမဲ့ စပါးအသင်းနဲ့ယှဥ်ရင်တော့ အဖက်ဖက်နိမ့်ပါတယ်။ သို့ပေမဲ့ ဒီအသင်းဟာ အိမ်ကွင်းကစားအားနဲ့ အသင်းလိုက်ကစားပုံ ကောင်းတဲ့အပြင် အိမ်ရှင်ပရိသတ်တွေကလည်း အားပေးကြမ်းပါတယ်။ ဒီအချက်တွေက စပါးအသင်းကို ဒုက္ခကောင်းကောင်းပေးလာနိုင်ပြီး သရေကျရုံတောင်မဟုတ်ဘဲ တစ်ဂိုးနဲ့ကပ်ရှုံးရင်တောင် စပါးအသင်းက ဖိုင်နယ်တက်မယ်ဆိုတဲ့အချက်ကိုလည်း စဥ်းစားရမှာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ စပါးအသင်းက ဘော်ဒီကြေး ပြားတစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ စပါးအသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ်ပျော့နေတယ်လို့ ယူဆထားပြီး အနိမ့်ဆုံးအနေနဲ့ ပြားငါးဆယ်လောက်ပေးသင့်တယ်လို့ ထင်ပါတယ်။ နောက်တစ်ချက်က စပါးအသင်းရဲ့ ခံစစ်က လုံးဝစိတ်မချရတာကြောင့် သေချာပေါက် ဂိုးပေးရနိုင်သလို စပါးအသင်းကလည်း တိုက်စစ်နဲ့သာ တုံ့ပြန်လာနိုင်တာကြောင့် ပထမပိုင်းမှာတင် တစ်ဖက်တစ်ဂိုးစီလောက် တွေ့ရနိုင်ပါတယ်။ ဒီပွဲမှာ နှစ်သင်းလုံး ဂိုးရမယ်လို့ ယူဆထားပြီး သုံးဂ်ိုးလောက်က အနိမ့်ဆုံးအနေနဲ့ မြင်တွေ့ရနိုင်တာကြောင့် ဂိုးပေါ်ကစားဖို့ ရွေးချယ်ပေးချင်ပြီး အရန်အနေနဲ့ ဘော်ဒီကစားချင်တယ်ဆိုရင်တော့ အိမ်ရှင်ဘိုဒိုဂလင့်အသင်းကို ကြိုက်ပါတယ်။
◾ ချဲလ်ဆီး Vs ဒီဂျာဂါးဒင်း
ဆွီဒင်ကလပ် ဒီဂျာဂါးဒင်းကလက်ဟာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ပထမအကျော့ကတည်းက သက်သေပြခဲ့ပြီးဖြစ်သလို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရထားပါတယ်။ ကွန်းဖရန့်လိဂ်ဟာ အဆင့်ကွာလွန်းတာကြောင့် ချဲလ်ဆီးအသင်းအတွက် အရမ်းကိုလွယ်ကူနေပြီး ချဲလ်ဆီးအသင်းပဲ ဖိုင်နယ်တက်မယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး နှစ်လုံးတစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ချဲလ်ဆီးအသင်းက ပထမအကျော့မှာ ဂိုးပြတ်အနိုင်ရပြီးသား ဖြစ်တာကြောင့် ဒီပွဲစဥ်ကို လုံးဝအားထုတ်ကစားမှာ မဟုတ်ဘဲ နောက်နှစ်ရက်နေရင်ကစားရမဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲစဥ်ကပိုအရေးကြီးတာကြောင့် နယူးနဲ့ပွဲကို အားထည့်ကစားပါလိမ့်မယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေပြီး အမှတ်လိုအပ်နေတဲ့ အသင်းနှစ်သင်းဖြစ်နေတာကြောင့် နယူးကာဆယ်နဲ့ပွဲစဥ်ကို လုံးဝအာရုံစိုက်ထားနိုင်တာကြောင့် ဒီပွဲက ပွဲဖြစ်ရုံသာ ကစားမယ်လို့ ထင်ပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက စီနီယာကစားသမားတွေကို မိနစ်ပိုင်းသာ အသုံးပြုလာနိုင်ပြီး အရန်ကစားသမားအများစုနဲ့ လူငယ်ကစားသမားတွေကို ပွဲထုတ်လာပါလိမ့်မယ်။ သရေကျရုံတင်မဟုတ်ဘဲ နှစ်ဂိုးပြတ်ပြန်ရှုံးရင်တောင် နောက်တစ်ဆင့်တက်မဲ့ ချဲလ်ဆီးအသင်းက ဘာအတွက်ကြောင့်မှ အားထည့်ကစားမှာ မဟုတ်ဘဲ လူငယ်ကစားသမားတွေကို နေရာပေးပါလိမ့်မယ်။ ချဲလ်ဆီးအသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ လီဂီယာဝါဆောအသင်းကို အဝေးကွင်းကနေ သုံးဂိုးပြတ်အနိုင်ရခဲ့ပြီး အိမ်ကွင်းရောက်မှ နှစ်ဂိုးတစ်ဂိုးနဲ့ ပြန်ရှုံးခဲ့ပါတယ်။ ဒါဟာ ချဲလ်ဆီးဘော်ဒီကို ကြိုက်နေတဲ့ ထိုးသားတွေအတွက် အကောင်းဆုံးသာဓက တစ်ခုဖြစ်ပါတယ်။ ဘယ်လောက်ပဲ အဆင့်ကွာခြားနေတဲ့အသင်းဖြစ်နေပါစေ ချဲလ်ဆီးအသင်းက တကယ်မကန်ဘူးဆိုတဲ့ အနေအထားတစ်ခုမှာ ဘာအတွက်ကြောင့်မှ ချဲလ်ဆီးအသင်းကို ရွေးချယ်စရာမရှိပါဘူး။ ချဲလ်ဆီးအသင်းအနေနဲ့ သရေကျသွားနိုင်သလို နိုင်ခဲ့ရင်တောင် တစ်ဂိုးလောက်နဲ့ ကပ်နိုင်မယ်လို့ ယူဆထားတာကြောင့် အောက်အသင်းဖြစ်တဲ့ ဒီဂျာဂါးဒင်းအသင်းကို ရွေးချယ်ပေးချင်ပါတယ်။ ချဲလ်ဆီးအသင်းက ဘောလုံးကိုင်ကစားပြီး ပွဲကိုထိန်းသွားနိုင်ကြောင့် ဂိုးအောက်ကိုလည်း ထပ်ကြိုက်တဲ့အတွက် အောက်စုံကစားဖို့ ရွေးချယ်ပေးချင်ပါတယ်။
◾တီးနား Vs ဘက်တစ်
ကွန်းဖရန့်လိဂ်မှာ ဒီနှစ်သင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ အဆင့်အတန်းအမြင့်ဆုံး အသင်းတွေဖြစ်တဲ့အတွက် ဆီမီးဖိုင်နယ်အထိ တက်ရောက်လာတာဟာ အဆန်းမဟုတ်ဘဲ အနိုင်ရတဲ့အသင်းက ချဲလ်ဆီးအသင်းနဲ့ ဖိုင်နယ်ပွဲစဥ်ကို ကစားရမှာပါ။ ပထမအကျော့မှာ ဘက်တစ်အသင်းက နှစ်ဂိုးတစ်ဂိုးနဲ့ ကပ်နိုင်ထားတာကြောင့် နှစ်သင်းလုံး အားထည့်ကစားရဦးမှာပါ။ ဒီပွဲစဥ်မှာ အိမ်ရှင်တီးနားအသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်ပါတယ်။ ပထမအကျော့မှာ အိမ်ကွင်းကစားရတဲ့ ဘက်တစ်အသင်းက သရေအရှုံးပေးခဲ့တာတွေ့ရပြီး အနိုင်ရခဲ့သလို ရှုံးပွဲတွေ့ထားတဲ့ အိမ်ရှင်တီးနားအသင်းက ဒီပွဲစဥ်မှာ ဘာအတွက်ကြောင့် ပြားသုံးဆယ်လောက်ပဲ ပေးထားရလဲဆိုရင် မနိုင်နိုင်လို့ပေါ့လို့ ပြောရမှာ ဖြစ်ပါတယ်။ လာလီဂါကလပ် ဘက်တစ်အသင်းက နှာတစ်ဖျားပိုသာတယ်လို့ ပြောလို့ရသလို လက်ရှိခြေစွမ်းကလည်း အရမ်းကိုကောင်းပါတယ်။ နှစ်သင်းလုံး အသင်းလိုက်ကစားပုံကောင်းပေမဲ့ တီးနားအသင်းရဲ့ခံစစ်က ပိုညံ့တာကို တွေ့ရမှာ ဖြစ်သလို ဘက်တစ်နည်းပြ ပယ်လီဂရီနီဆိုတာကလည်း ဝါရင့်နည်းပြတစ်ယောက် ဖြစ်နေပါတယ်။ တီးနားအသင်းအနေနဲ့ အိမ်ကွင်းဖြစ်နေပေမဲ့ ပေါက်ကြေးအရ အနိုင်မရနိုင်သလို ခြေစွမ်းအရလည်း အသာရဖို့ မလွယ်ပါဘူး။ ဒီပွဲစဥ်မှာ ဘက်တစ်အသင်းကတောင် ထပ်နိုင်သွားနိုင်တယ်လို့ ယူဆထားပြီး အနိမ့်ဆုံးအနေနဲ့ သရေရအောင် ကစားနိုင်တယ်လို့ ယူဆထားတာကြောင့် အောက်အသင်းဖြစ်တဲ့ ဘက်တစ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
