
၇. ၅. ၂၀၂၅
Written by MMAK
ချန်ပီယံလိဂ်ဖလား လုံးဝမရဖူးတဲ့ PSG နဲ့ အာဆင်နယ်တို့ အသင်းနှစ်သင်းဟာ တစ်သင်းဖိုင်နယ်တက်ဖို့ နောက်ဆုံး ဆုံးဖြတ်ပွဲကို ဒီညမှာ ယှဥ်ပြိုင်ကြတော့မှာပါ။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ PSG အသင်းက အဝေးကွင်းပေမဲ့ အာဆင်နယ်ကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပြီး ဒီနေ့ PSG ကွင်းမှာ အနိုင်ရတဲ့အသင်းက အင်တာမီလန်အသင်းနဲ့ ဖိုင်နယ်ပွဲစဥ်ကို ယှဥ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
ပထမအကျော့မှာ ပွဲအစလေးမိနစ်မှာတင် PSG အသင်းက ဦးဆောင်ဂိုးရသွားပြီး ဖိအားကင်းကင်းနဲ့ အကောင်းဆုံး ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ PSG ဂိုးသမား ဒွမ်နာရမ်မာရဲ့ လက်စွမ်းပြမှုကြောင့် အာဆင်နယ်အသင်း ချေပဂိုးမရခဲ့သလို PSG အသင်းရဲ့ တိုက်စစ်မှူးတွေ အဆုံးသတ်မသေချာတာကြောင့် PSG အသင်းလည်း ဂိုးထပ်မရခဲ့ပါဘူး။ တစ်ပွဲလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ PSG အသင်းရဲ့ ကစားဟန်နဲ့ ယုံကြည်မှုက ပိုကောင်းခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး အာဆင်နယ်အသင်းက ဘောလုံးကိုင်ကစားခဲ့တယ်ဆိုပေမဲ့ PSG အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို အာဆင်နယ်ကစားသမားတွေ အသည်းအသန် ခုခံကစားခဲ့ရတာကို တွေ့ရပါတယ်။
ဒီညပွဲစဥ်မှာ PSG အသင်းက ဘော်ဒီကြေး ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ ဒီပွဲမှာ ပေါက်ကြေးတွေကိုမကြည့်ဘဲ စာရေးသူအမြင်အရ ပြောရမယ်ဆိုရင် UEFA က ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားရမဲ့အသင်းကို စီစဥ်ပြီးသားလို့ ပြောချင်ပါတယ်။ ဒီရာသီမှာ PSG အသင်းရဲ့ ခြေစွမ်းက ချန်ပီယံလိဂ်ဖလားရဖို့ အထိုက်တန်ဆုံးလို့ ပြောလို့ရသလို ကစားသမားခေါ်ယူမှုတွေမှာ ဒေါ်လာဘီလျှံနဲ့ချီပြီး အသုံးပြုခဲ့တဲ့ PSG အသင်းကို ဖလားပေးတော့မယ်လို့ ထင်ပါတယ်။ ဆယ်စုနှစ်ကျော်အထိ ချန်ပီယံလိဂ်ဖလား ရရှိဖို့ ပစ်မှတ်ထားနေတဲ့ PSG အသင်းရဲ့ အကောင်းဆုံးအချိန်လို့လည်း ပြောရမှာ ဖြစ်ပါတယ်။
အာဆင်နယ်ကွင်းလယ်မှာ သောမတ်ပါတေးပြန်ပါလာတာကြောင့် ကွင်းလယ်ပိုင်းပိုကောင်းလာနိုင်တယ် ဆိုပေမဲ့ တိုက်စစ်မှူးစစ်စစ်် လုံးဝမပါဘဲ မိုကယ်မာရီနိုကို အသုံးပြုရမှာဖြစ်ပြီး ဆာကာကိုသာ အပိုင်ကပ်ထားနိုင်ရင် အာဆင်နယ်အသင်း ဂိုးရဖို့ခက်ပါလိမ့်မယ်။ အာဆင်နယ်အသင်းဂိုးရခဲ့ရင် သူတို့အားသန်တဲ့ Set-piece တွေကနေ ဂိုးရနိုင်ပြီး PSG အသင်းအနေနဲ့ ဒီအချက်ကို ဂရုစိုက်ဖို့လိုသလို ဆာကာကို အပိုင်ကပ်ထားပြီး အိုဒီဂတ်ဆီက ဘောလုံးလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့လိုပါတယ်။
ဒါ့အပြင် လီဗာပူးနဲ့ပွဲမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးညာတောင်ပံကစားသမား မိုဟာမက်ဆာလာကို အိပ်ကပ်ထဲ ကောက်ထည့်သွားတဲ့ PSG ဘယ်နောက်ခံလူ နူနိုမန်ဒက်နဲ့ ဆာကာတို့ရဲ့ အားပြိုင်မှုကလည်း ပရိတ်သတ်တွေ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမယ် ထင်ပါတယ်။
ကစားသမားအင်အားမှာ PSG ကပိုကောင်းသလို နည်းပြအတွေ့အကြုံမှာလည်း အာတီတာထက် အင်းနရစ်က ပိုကောင်းပါတယ်။ ခြေစွမ်းအရဆိုရင်လည်း PSG အသင်းက နှာတစ်ဖျားပိုသာတယ်လို့ ယူဆထားပြီး အိမ်ရှင်ပရိတ်သတ်ရှေ့မှာ ကစားရမှာ ဖြစ်တာကြောင့် ဒီပွဲမှာလည်း ထပ်နိုင်သွားဦးမယ်လို့ ထင်ပါတယ်။
တစ်ဂိုးနဲ့ပြန်နိုင်မှ သရေကျမဲ့ အာဆင်နယ်အသင်းက ဘောလုံးကိုင်ကစားပြီး တိုက်စစ်ဆင်မှာ ဖြစ်ပေမဲ့ ပထမအကျော့ကလို PSG အသင်းရဲ့ လျှင်မြန်တဲ့ ကောင်တာတိုက်စစ်တွေကနေ သေချာပေါက် ဂိုးရဦးမှာပါ။ မိနစ်ကိုးဆယ်အတွင်းမှာ PSG တိုက်စစ်က အနိမ့်ဆုံးအနေနဲ့ နှစ်ဂိုးလောက်ထိသွင်းပြမယ်လို့ ယူဆထားပြီး အာဆင်နယ်အသင်းသာ တစ်ဂိုးရသွားရင် စုံပေါ်တောင် အောင်သွားနိုင်ပါတယ်။
ဒီညကစားမဲ့ ပွဲစဥ်မှာတော့ အချိန်ပိုအထိရောက်မယ်လို့မထင်ဘဲ ပွဲချိန်အတွင်းမှာတင် PSG အသင်းက ထပ်နိုင်သွားမယ်လို့ ယူဆထားတာကြောင့် PSG ဘော်ဒီကိုရွေးချယ်ပေးချင်ပြီး ဂိုးပေါ်ကို အနည်းငယ် ကာကစားသင့်ပြီး ဇွန်လ ၁ ရက်နေ့ ဗိုလ်လုပွဲကို အင်တာနဲ့ PSG လို့ ကြိုခန့်မှန်းချင်ပါတယ်။
