

၁၂.၇.၂၀၂၆
Written by KL
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်ရှိ ရေကန်တစ်ကန်တွင် အမျိုးသားကြီးတစ်ဦး၏ရေနစ်သေဆုံးသော ရုပ်အလောင်းကို ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရေနစ်သေဆုံးသူမှာ အသက် ၄၅ နှစ်ခန့်အရွယ် အမျိုးသားကြီးတစ်ဦးဖြစ်ပြီး လတ်တလောတွင် ပိုင်ရှင်မပေါ်သေးကြောင်း သိရသည်။
ရေနစ်သေဆုံးသူအမျိုးသားကြီး၏ ရုပ်အလောင်းကို ပိတောက်ကွေ့လူမူကူညီရေးအသင်းမှ အသင်းဝင် ၅ ဦးက သွားရောက်ဆယ်ယူကာ သင်္ဃန်းကျွန်းစံပြဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အမျိုးသားကြီးရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
