
၁၂.၇.၂၀၂၆
Written by kL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ပင်ထောင်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေးတွင် လမ်းဘေးရပ်ထားသော ၁၂ ဘီးကားကို ဆိုင်ကယ်တစ်စီး အနောက်မှဝင်တိုက်၍ ဆိုင်ကယ်မောင်းသူသေဆုံးမှု ဇူလိုင်လ ၁၁ ရက် နံနက် ၄ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ အမျိုးသားတွင် ဦးခေါင်းမှ ပါးစပ်အထိ ကွဲအက်ဒဏ်ရာ၊ ဦးနှောက်ထွက် ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၂၄ နှစ်အရွယ် ကိုပြည့်စုံထွန်းဖြစ်ပြီး အင်းလေးဒေသ မင်းချောင်းအလယ်ရွာတွင်နေထိုင်ကာ Lucky 7 စက်သုံးဆီ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် သေဆုံးသူဆိုင်ကယ်ယာဉ်မောင်း အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အောင်ပန်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
“အောင်ပန်းနဲ့ လမ်းခွဲကြားမှာ ညအိပ်ရပ်နားတဲ့ ကားတွေများပါတယ်၊ ဒီရက်ပိုင်း မိုးအရမ်းရွာတော့ မြင်ကွင်းပျောက်တာ၊ လမ်းချော်တာတို့ ဖြစ်တတ်လို့ သတိထားပြီး သွားသင့်ပါတယ်”ဟု အောင်ပန်းဒေသခံတစ်ဦးက ပြောသည်။
