


၁၃.၇.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ဇေကမ္ဘာဝင်း၊ ခရေရိပ်သာ (၇) လမ်းရှိ ကျောက်သွေးအလုပ်ရုံတွင် ယနေ့ ဇူလိုင်လ ၁၃ ရက် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ်နေအိမ်ရှိ အောက်ထပ်တွင် လျှပ်စစ်မီးဖိုကွိုင်ပေါ် အဝတ်စုတ်ကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ကျောက်သွေးအလုပ်ရုံနှင့် ကျောက်သွေးမော်တာများ၊ ဝါယာကြိုးများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။
ကျောက်သွေးရုံမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ခုနစ်စီး၊ရေသယ်ယာဥ် လေးစီး၊ ကွပ်ကဲမှုယာဥ် တစ်စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၇၀ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၈ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့် အသက် ၆၀ အရွယ် ဦးကြည်ထွန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ၂၈၅ ဖြင့် မင်္ဂလာဒုံမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
