MT News
၆. ၅. ၂၀၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ ခြောက်ကောင်ဂျင် လောင်းကစားပြုလုပ်နေသူ အမျိုးသမီးနှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မှုခင်းဆိုင်ရာ အရေးယူမှု ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မေလ ၄ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီကားကြီးဝင်းနောက်လမ်းပေါ်၌ လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ မူဆယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ မသဲစုနွယ်(၂၈)နှစ်နှင့် မယွန်းမေဦး(၂၃)နှစ်တို့အား ခြောက်ကောင်ဂျင် လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၃၂၀,၀၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် ဖမ်းဆီးရမိသူ မသဲစုနွယ်နှင့် မယွန်းမေဦးတို့ နှစ်ဦးအား မူဆယ်မြို့မရဲစခန်းက (ပ)၇၇/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
