
MT News
၆. ၅. ၂၀၂၅
လက်နက်ကိုင်မှု လေးနှစ်တာကာလအတွင်း CDF – Lautu မှ ချင်း PDF ၁၁ ဦး သေဆုံးပြီးအမြောက်အမြား ဒဏ်ရာရခဲ့သည်ဟု (၄) နှစ်မြောက် CDF-Lautu နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်နက်ကိုင် ခရီးရှည် (၄)နှစ်တာအတွင်း တာဝန်ထမ်းဆောင်ရင်း CDF-Lautu မှ တပ်ဖွဲ့ဝင် (၁၁) ဦး အသက်ဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်ပေါင်းများစွာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြ၍ ငွေလှူပေးကြရန်လည်း Chinland Defense Force – Lautu က အလှူခံသည်။
ချင်းပြည်ကောင်စီ၏ အဖွဲ့ဝင် လက်နက်ကိုင်လည်းဖြစ်သော CDF – Lautu ၏ လေးနှစ်တာအတွင်း သေဆုံးသူများတွင် ဗျူဟာမှူးအဆင့်မှ တပ်သားအဆင့်အထိ ပါဝင်ခဲ့သည်။
