
၄. ၅. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ပတ္တနီပြည်နယ်၊ ခေါက်ဖိုမြို့နယ်မှာရှိ စိုင်ခေါင် (Sai Khao) ရေတံခွန်သို့ စနေနေ့က လာရောက် လည်ပတ်ကြတဲ့ တက္ကသိုလ်ကျောင်းသူနှစ်ဦးဟာ နေ့လယ် ၃ နာရီခန့်မှာဖြစ်ပွားတဲ့ ရုတ်တရက် ရေကြီးမှုကြောင့် မျောပါ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
မျက်မြင်သက်သေတွေ ဖြစ်တဲ့ သေဆုံးသူတို့ရဲ့ သူငယ်ချင်းတွေက ဒီဖြစ်ရပ်မှာ နာရီပေါင်းများစွာ ရွာသွန်းခဲ့တဲ့ မိုးကြောင့် တောင်ပေါ်မှာ ရုတ်တရက် ရေကြီးလာနိုင်တယ်ဆိုတဲ့ ပန်းခြံရဲ့ ကြေညာချက်ကို ကြားပြီးနောက် သူတို့အားလုံး ထွက်ပြေးဖို့ကြိုးစားချိန် သူတို့ရဲ့ သူငယ်ချင်းအမျိုးသမီးနှစ်ဦးဟာ ချော်လဲကာ မျောပါသွားခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။
ရုတ်တရက်ရေကြီးမှုအတွင်း မျောပါသွားတဲ့ တက္ကသိုလ်ကျောင်းသူ နှစ်ဦးကို တစ်ကီလိုမီတာခန့်အကွာမှယာ ရုပ်အလောင်းနှစ်ခုအဖြစ် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေမှုက နှစ်နာရီကြာခဲ့ပါတယ်။
ရေနစ်သေဆုံးတဲ့ ထိုင်း-မလေး မွတ်စလင် တက္ကသိုလ်ကျောင်းသူနှစ်ဦးဟာ အသက် ၂၁ နှစ်အရွယ် နီမူလီဟာနဲ့ ဖီရာဒေါတို့ဖြစ်တယ်လို့ သိရပါတယ်။
Ref, Khaosod
