


၃. ၅. ၂၀၂၅
Written by Nay Moe
မြန်မာ့မီဒီယာလွတ်လပ်ခွင့် သတ်မှတ်ချက်မှာ ယမန်နှစ်ထက် နှစ်ဆင့်တက်လာသည်ဟု နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ဖော်ပြထားသည်။
မြန်မာ့မီဒီယာလွတ်လပ်ခွင့်မှာ ယမန်နှစ်က နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၇၁ တွင် ရပ်တည်ခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ်တွင် အဆင့် ၁၆၉ ၌ ရပ်တည်နေခဲ့သည်။ ယခုနှစ်အတွက် သတ်မှတ်ချက်တွင် သတင်းထောက်သေဆုံးမှုမရှိသော်လည်း ဖမ်းဆီးခံထားရသူ ၆၁ ဦးရှိနေသည်ဟုလည်း ဖော်ပြသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ ယခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀ မှ ဂျာနယ်လစ် ၁၅ ယောက်သေဆုံးထားပြီး ၅၅၆ ဦး ဖမ်းဆီးခံထားရကာ ဓားစာခဖြစ်နေသူ ၅၄ ဦးနှင့် ပျောက်ဆုံးနေသူ ၉၉ ဦး ရှိသည်ဟုလည်း RSF က ပြောသည်။
ယနေ့သည် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) လည်းဖြစ်ပြီး ဖမ်းဆီးခံသတင်းသမားများ ပြန်လွှတ်ပေးရန်လည်း မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးက ထုတ်ပြန်ထားသည်။
