၃.၅.၂၀၂၅
Written By Thandar
အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ တပည့်ရင်း ဆရာတော်အသျှင်ကုမာရ ဦးဆောင်မှုနဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော်က သရုပ်ဆောင်နေမင်းကတစ်ဆင့် အင်းလေးဒေသရှိ သလဲဦး ခွဲခြမ်းရွာကို ကျပ်တစ်သိန်းခွဲတန်ဖိုးရှိ ပစ္စည်းပုံး ၅၄ ပုံး၊ ရေသန့်ကတ် ၁၀၀ တို့ကို လှူဒါန်းခဲ့ပါတယ်။
“အမတို့က အင်းလေးဘက်က ငလျင်ကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးသွားသူတွေ နေထိုင်တဲ့ကျေးရွာတွေ ကိုယ်တိုင်သွားခဲ့တယ်။ တကယ်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ခုကတော့ ကိုနေမင်းဆီကနေတစ်ဆင့် အမှန်တကယ်လိုအပ်နေသူတွေကို ဆီ၊ ဆန်၊ ဆေးဝါး အိမ်ထောင်စု ၅၀ ကျော်စာကို လှူခဲ့တာပါ။ ခုပထမအကြိမ်မှာလာရင်းနဲ့ တကယ်လိုအပ်ချက်တွေက ကွင်းဆင်းလေ့လာပြီတော့ နောက်ထပ်လာရင် ဖြည့်ဆည်းပေးလို့ရအောင်ပါ”လို့ သရုပ်ဆောင် မျိုးစန္ဒီကျော်က ပြောပါတယ်။
အဆိုပါ လှူဒါန်းမှုမှာတော့ အင်းလေးဒေသရှိ သလဲဦး ခွဲခြမ်းရွာရှိ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ပေးအပ်လှူဒါန်းခဲ့ပါတယ်။ လက်ရှိ ပထမအကြိမ် လှူဒါန်းမှုမှာတော့ လူတွေရဲ့ လိုအပ်ချက်တွေ သေချာစစ်တမ်းကောက်ပြီး နောက်ပိုင်းလိုအပ်ချက်ဖြည့်ကာ ထပ်မံလှူဒါန်းမှုတွေ လုပ်ဆောင်ပေးဖို့ရှိတယ်လို့လည်း သိရပါတယ်။
#နေမင်း #မျိုးစန္ဒီကျော် #NayMin #MyoSandyKyaw #သလဲဦး
#InleEarthquake #myanmaractor #2025earthquake








