၃.၅.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ ဂိုအာပြည်နယ်၊ ရှာဂအိုကျေးရွာရှိ လိုင်ရေ ဒီဗီ(Lairai Devi) စေတီမှာ မေလ ၃ ရက် နံနက် အစောပိုင်းနာရီများအတွင်းက လူများ ကမူးရှုးထိုးပြေးလွှားကြမှုတစ်ရပ်ဖြစ်ပွားခဲ့တာမှာ အနည်းဆုံး လူခြောက်ဦးသေဆုံးပြီး ၃၀ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဂိုအာပြည်နယ် ဝန်ကြီးချုပ် ပရာမော့ဒ် ဆာဝန်က ရှာဂအိုကျေးရွာမှာ ဒီအဖြစ်အပျက်ဖြစ်ပွားခဲ့ရတာကြောင့် အထူးပဲကြေကွဲဝမ်းနည်းမိပြီး ထိခိုက်သေဆုံးသူတွေရဲ့မိသားစုတွေကို ထောက်ပံ့မှုပြုသွားမယ်လို့လည်း ပြောခဲ့တယ်လို့ သိရပါတယ်။
ဂိုအာပြည်နယ်၊ မဟာရတ်ရှ်ထရာပြည်နယ်နဲ့ ကာနာတာကာ ပြည်နယ်တို့မှ လာကြတဲ့ ဘုရားဖူးတွေက နှစ်စဉ်ကျင်းပတဲ့ လိုင်ရေဒီဗီစေတီပွဲတော်မှာ စုရုံးနေခဲ့ကြတာလို့ PTI သတင်းဌာနက ပြောကြားခဲ့ပါတယ်။ အဆင့်မြင့်ရဲအရာရှိတစ်ဦးကလည်း ခုလို လူတွေ ကမူးရှုးထိုးပြေးလွှားမှုဖြစ်ပွားရတာကို စုံစမ်းစစ်ဆေးပြီး တိကျတဲ့အကြောင်းရင်းကို ဖော်ထုတ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ပြည်နယ်အစိုးရ ကျန်းမာရေးဝန်ကြီး ဗစ်ဝါဂျစ် ရိန်းက ဒဏ်ရာရသူအနည်းဆုံး ၃၀ ဦးရှိခဲ့ရာမှာ ရှစ်ဦးက အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ပြောခဲ့ပါတယ်။
ကျန်တဲ့ဒဏ်ရာရသူနှစ်ဦးကိုတော့ ဂိုအာဆေးကောလိပ်ဆေးရုံနဲ့ ဘမ်ဘိုလင်မြို့ဆေးရုံတို့ကို တင်ပို့ခဲ့ရတယ် လို့ သိရပါတယ်။
Ref-Hindustan Times


