၃.၅.၂၀၂၅
Wrtten By Zun
ကင်းလှည့်ထိုင်းပူးပေါင်းအဖွဲ့နှင့် တည့်တည့်တိုး၍ မြဝတီခရိုင်ကတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ သောင်ရင်းမြစ်ကိုကူးကာ ခိုးဝင်သည့် မြန်မာ ၅ ဦး ယမန်နေ့ မေလ ၂ ရက်တွင် အဖမ်းခံရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ထိုင်းနိုင်ငံအနေဖြင့် မေလ ၁ ရက်၊ မေလ ၂ ရက် နှင့် မေလ ၃ ရက်တို့တွင် မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ကို စီမံချက်ဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းကင်းလှည့်ဆောင်ရွက်ခဲ့စဉ် အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မေလ ၂ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် မြန်မာ-ထိုင်းနယ်စပ်၌ ထိုင်းတပ်မတော်လုံခြုံရေးအဖွဲ့များက ကင်းလှည့်နေကြစဉ် ကရင်ပြည်နယ်၊ မြဝတီခရိုင်ကနေ ထိုင်းနိုင်ငံဘက် ခိုးဝင်လာသည့် ယင်းမြန်မာနိုင်ငံသား ၅ ဦး ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဖမ်းခံရသူများအား စစ်ဆေးချက်အရ မြဝတီခရိုင်ကနေ ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ ဖိုးဖမြို့နယ်၊ ဖိုးဖရွာဘက်ကို သောင်ရင်းမြစ်ဖြတ်ပြီး ခိုးဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ခိုးဝင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ဖမ်းမိသူ ၅ ဦးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဖိုးဖမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။
ယမန်နေ့ မေလ ၂ ရက်ကလည်း ဟင်းသီးဟင်း ရွက်တင်ဆောင်လာသည့် ယာဉ်ပေါ် ပုန်းအောင်းပြီးလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၄ ဦးကို မဲဆောက်၊ ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ်တွင် တာဝန်ရှိသူများက ဖမ်းမိခဲ့ကြောင်း MT News တွင် ဖော်ပြခဲ့သေးသည်။


