
၁.၅.၂၀၂၅
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံစစ်ဘက်က မြောက်ကိုရီးယားဘက်က ဖော်ထုတ်ပြသလာတဲ့ စစ်သင်္ဘောအသစ်ဟာ ရုရှားက မြောက်ကိုရီယားကိုပေးတဲ့အကူအညီမှာ ပါဝင်နေခဲ့တာဖြစ်ဖို့ရှိပြီး ပိုမိုအသေးစိတ်လေ့လာမှု တစ်ရပ်ကို သတိဖြင့်ဆောင်ရွက်နေတယ်လို့ မေလ ၁ ရက်က ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရက သိမ်မကြာသေးခင်က Choe Hyon အမည်ရှိတဲ့ အလေးချိန် ၄,၅၃၅ တန် ရှိတဲ့ဖျက်သင်္ဘောအမျိုးအစားစစ်သင်္ဘောတစ်စီးကို ထုတ်ဖော်ပြသခဲ့ပါတယ်။ လေ့လာအကဲဖြတ်သူတချို့က သင်္ဘောမှာ တာတိုပစ်နည်းဗျူဟာမြောက်နျူကလီးယားဒုံးကျည်တွေ တပ်ဆင်ထားနိုင်တယ်လို့ ပြောကြပါတယ်။
တောင်ကိုရီးယားစစ်တပ်က စစ်ဗိုလ်ချုပ်ကြီးများပူးတွဲအဖွဲ့(JCS) ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီဆန်ဂျင်က တောင်ကိုရီးယားနိုင်ငံမှာ သတင်းထောက်တွေကို ရုရှား က စစ်သင်္ဘောကိုအကူအညီပေးခဲ့တာဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
သူက မြောက်ကိုရီးယားထုတ်ဖော်ပြသတဲ့ လက်နက်တွေနဲ့ ကိရိယာတွေကို ကြည့်ရတာဆိုရင် သူတို့ အနေနဲ့ ရုရှားဆီက နည်းပညာ၊ ငွေကြေး ဒါမှမဟုတ် အထောက်အပံ့တွေရခဲ့တာဖြစ်နိုင်တယ်လို့ ဆက်လက်ပြောခဲ့ပါတယ်။ တောင်ကိုရီးယားအနေနဲ့ အသေးစိတ်လေ့လာဆန်းစစ်မှုတစ်ရပ်ကို ပိုမိုပြုလုပ်နေတယ်လို့လည်း လီဆန်ဂျင်က ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရက ယူကရိန်းစစ်ပွဲမှာ သူ့ရဲ့တပ်ဖွဲ့ဝင်တွေ ရုရှားဘက်က ပါဝင်တိုက်ခိုက်ခဲ့ကြတယ်ဆိုတာ ဧပြီလ ၂၈ ရက်က ပထမဆုံး ဝန်ခံပြောကြားခဲ့ပါတယ်။
ရုရှားနဲ့မြောက်ကိုရီးယားတို့က သူတို့ အိမ်နီးချင်းနှစ်နိုင်ငံကို ဆက်သွယ်ပေးမယ့် ပထမဆုံး ကုန်းလမ်း တံတားကို စတင်တည်ဆောက်နေပြီဆိုတာလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်က ပြောခဲ့ပါသေးတယ်။
Ref- CNA
