
၁.၅.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘောကြီးတစ်စီးဖြစ်တဲ့ USS Harry S F/A-18 Super Hornet ဂျက်တိုက်လေယာဉ်ဟာ ပင်လယ်နီဒေသအတွင်း ဟူသီစစ်သွေးကြွတို့ရဲ့ဒုံးကျည်တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့လျင်မြန်စွာ လမ်းကြောင်းပြောင်းမောင်းနှင်ချိန်မှာပဲ သင်္ဘောကုန်းပတ်ပေါ်က F/A-18 Super Hornet ဂျက်တိုက်လေယာဉ်တစ်စီးဟာ ပင်လယ်ပြင်ထဲပြုတ်ကျခဲ့ရမှုတစ်ရပ် ဧပြီလ ၂၈ ရက်က ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
F/A-18 Super Hornet ဂျက်တိုက်လေယာဉ်ဟာ သူ့ကို လေယာဉ်ရုံက ဆွဲထုတ်လာတဲ့ယာဉ်နဲ့အတူ ကုန်းပတ်ပေါ်ကနေ ရေပြင်ထဲကျသွားခဲ့တယ်လို့ အမေရိကန်ရေတပ်က ပြောခဲ့ပါတယ်။ လေယာဉ်ပေါ် မှာပါလာတဲ့ လေယာဉ်အမှုထမ်းနဲ့တွဲဆွဲယာဉ်ပေါ်က အမှုထမ်းတွေကတော့ လေယာဉ်နဲ့တွဲဆွဲယာဉ် ရေထဲကိုမကျမီမှာ ခုန်ထွက်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးအနက် တစ်ဦးကတော့ ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတွေက လေယာဉ်တင်သင်္ဘောကြီးဟာ ယီမင်က ဟူသီစစ်သွေး ကြွတို့ရဲ့ပစ်ခတ်မှုကိုရှောင်ရှားဖို့ လျင်မြန်စွာ လမ်းကြောင်းပြောင်း ခုတ်မောင်းလာနေခိုက် ခုလိုဖြစ်ရတာလို့ ပြောခဲ့ကြပါတယ်။ လေယာဉ်တင်သင်္ဘောတွေဟာ ရန်သူဒုံးကျည်တွေကို ရှောင်တိမ်းနိုင်ဖို့အတွက် မြွေလိမ်မြွေကောက်ခုတ်မောင်းမှုတွေပြုကြပါတယ်။
Truman လေယာဉ်တင်သင်္ဘောကြီး အရှေ့အလယ်ပိုင်းဒေသမှာ ရောက်ရှိကင်းလှည့်နေတာ လ အတော်ကြာခဲ့ပါပြီ။ သူက ဒီနယ်မြေထဲမှာ တာဝန်ထမ်းနေတဲ့ အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော နှစ်စီးအနက် တစ်စီးလည်းဖြစ်ပါတယ်။ အမေရိကန်ကလည်း ဟူသီတို့ကို နေ့စဉ်လိုပဲ တိုက်လေယာဉ်တွေ၊ဗုံးကြဲလေယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုပြုနေတာပါ။
F/A-18 Super Hornet က အမေရိကန်ရေတပ်မှာ အဓိက အသုံးပြုနေတဲ့တိုက်လောယာဉ်တစ်စီးဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၇၀ နီးပါးတန်တယ်လို့ သိရပါတယ်။
Ref-The Guardian
