
၂၉.၄.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ရာမ(၂) လမ်းပေါ်တွင် ဧပြီလ ၂၉ ရက် နံနက်က ပစ်ကပ် ထရပ်ကားတစ်စင်း ပေါ်သို့ မိုးပျံလမ်းတစ်စီးပေါ်မှ ကွန်ကရစ်တုံးများပြုတ်ကျခဲ့ရာ ကား၏ရှေ့မှန်မှာ ကြေမွပြီး ယာဉ်မောင်းမှာလည်း ပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်း သိရသည်။
သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရီယာက ထိုဖြစ်ရပ်မှာ ဘန်ကောက်မြို့အပြင်နားရှိ ကီလိုမီတာတိုင် ၂၇+၅၀၀ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဟု ပြောခဲ့သည်။

ကွန်ကရစ်တုံးများက ရာမ (၂) လမ်းမပေါ်ရှိ တံတားဟောင်းတစ်ခုလည်းဖြစ်သော မဟာချိုင်မိုးပျံလမ်းမှ ပြုတ်ကျကြမွကာ ရပ်တန့်နေသည်ကို တွေ့ရသည်။ယာဉ်မောင်းမှာလည်း မေးစေ့မှသည် ရင်ဘတ်နှင့် လက်များသို့ပါ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ကြီးမားသောကွန်ကရစ်တုံးများကိုလည်း ကားရှေ့ ခုံ ပေါ်တွင် တွေ့ခဲ့ရသည်။
ဒဏ်ရာရယာဉ်မောင်းမှာ ခန္ဓာကိုယ်အတွင်းပိုင်း သွေးယိုစီးမှုနှင့် အသည်းထိခိုက်မှုတို့ပါရှိခဲ့ကြောင်း ဆရာ ဝန်များက ပြောခဲ့သည်။
Ref-Bangkok Post
