၂၉.၄.၂၀၂၅
Written By Thandar
ယနေ့ ဧပြီ ၂၉ ရက် နံနက်ပိုင်းက နေပြည်တော်မြို့ ဇေယျသိဒ္ဓိမြို့နယ်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် ဆရာတော်အသျှင်ကုမာရ ဦးဆောင်မှုနဲ့အတူ အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့က ကျပ်တစ်သိန်းခွဲတန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းပုံး ၁၀၀ ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါတယ်။
အဆိုပါ လှူဒါန်းမှုမှာတော့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၊ တာဝန်ရှိဝန်ထမ်းတွေကို ဆရာတော် အသျှင်ကုမာရက ဆုတောင်းမေတ္တာပို့သပြီးတော့ အမျှပေးဝေလှူဒါန်းခဲ့ကြသလို လက်ရှိဆောက်လုပ်နေတဲ့ အိမ်ရာတချို့ကို လိုက်လံကြည့်ရှုခဲ့ကြပါတယ်။
“ကျွန်တော်တို့ ပြန်ကြားရေးဌာနမှာတော့ အိမ်ရာနေတဲ့ လူပျိုဆောင်၊ အပျိုဆောင် မိသားစုဝင်တွေရဲ့ အိမ်ခြေတွေ ထိသွားတာရှိတယ်။ ပျက်စီးတဲ့ အိမ်ခြေကလည်း ၃၅ အိမ်လောက်ရှိပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ရုံးနေရာကိုတော့ ငလျင်နဲ့ပတ်သက်ပြီးတော့ တိုင်းတာချက်အရက အပြာအဆင့်လို့ သတ်မှတ်ထားပါတယ်” လို့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပြန်ကြားဝန်ကြီးဌာနရုံးခန်းတွေလည်း ပျက်စီးမှုတွေရှိတာလည်းဖြစ်ပါတယ်။ အိုးအိမ်ပျက်စီးသွားတဲ့ ဝန်ထမ်းတွေအတွက် ရွက်ဖျင်တဲတွေ၊ ယာယီအဆောက်အဦတွေ ဆောက်လုပ်ပြီး လုဆောင်ပေးနေလျက် ရှိတာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သုံးစွဲရမယ့် ရေပိုက်လိုင်းတချို့ ပျက်စီးနေတာမို့ ရေအတွက် အခက်အခဲတချို့ ရှိနေတာလည်းဖြစ်ပါတယ်။
#ဆရာတော်အသျှင်ကုမာရ #AshinKumara #UMgMgOwn #အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့ #စားသောက်ကုန်ပစ္စည်းပုံး #ALotawPyae #ပြန်ကြားရေးဝန်ကြီးပြည်ထောင်စုဝန်ကြီးဌာန












