၂၉.၄.၂၀၂၅
Written By Thandar
အဆိုတော် ဖြိုးကြီး@ဖြိုးမြင့်ငွေနဲ့ ချစ်ဇနီး မခိုင်မိုမိုသဲတို့ ရင်သွေးလေး လွယ်ထားရပြီမို့ ဝမ်းသာစွာနဲ့ ပရိသတ်ကိုအသိပေးလာပါတယ်။
“ချစ်ဇနီးသည်လေးက သူ့ရဲ့ ရင်သွေးလေး လွယ်ထားရပြီမို့ ဝမ်းသာနေပါတယ်”လို့ တေးသံရှင် ဖြိုးကြီးက ချစ်ပရိသတ်ကို အသိပေးလာပါတယ်။
သူတို့ဇနီးမောင်နှံက ရင်သွေးလေးရနေပြီမို့ ပျော်ရွှင်ကြည်နူးနေကြတာလည်း ဖြစ်ပါတယ်။ အဆိုတော်ဖြိုးကြီး@ဖြိုးမြင့်ငွေက ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မဟာစည် သာသနာ့ ရိပ်သာမှာ ချစ်သူနဲ့မင်္ဂလာ ဆွမ်းကျွေးပွဲလေးကို ကျင်းပခဲ့ပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့ရှိ Governor’s Residence မှာကျင်းပမယ့် မင်္ဂလာပွဲကို ဖျက်သိမ်းပြီး မင်္ဂလာပွဲအသုံးပြုမယ့်ငွေကြေး ကုန်ကျစရိတ်အားလုံးကို ငလျင်ဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။
#PhyoGyi #ဖြိုးကြီး #ခိုင်မိုမိုသဲ #KhineMoMoThae #MyanmarCeleCouple #MyanmarCeleWedding
#၂၀၂၅ငလျင် #Congratulations #CeleMonster


