၂၉. ၄. ၂၀၂၅
Written by Nay Moe
စာရေးဆရာ၊ ဆရာဝန်ဘဝကနေ CDM လုပ် လက်နက်ကိုင်သွားပြီး PDF တွေကို ကုပေးသူဟာ အသက် ၄၂ နှစ်အရွယ်မှာတင် ကရင်နီရှေ့တန်းလို့ လက်နက်ကိုင်တွေသုံးနှုန်းတဲ့ ကယားပြည်နယ် တောတွင်းတစ်နေရာမှာ သေဆုံးသွားပါတယ်။
ကယားပြည်နယ်အတွင်းက လက်နက်ကိုင်တပ်တစ်ခုဖြစ်တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KPL Army) မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်အဖြစ် ကယား PDF တွေကို ဆေးကုသမှုပေးနေတဲ့ ဒေါက်တာဖြိုးစည်သူကျော်တစ်ဖြစ်လည်း စာရေးဆရာမင်းစိုးသစ်ဟာ အသက် (၄၂) နှစ်အရွယ် ဧပြီ ၂၅ ရက်နေ့မှာ ကယားရှေ့တန်းမှာပဲ ၉၆ ပါးရောဂါနဲ့ သေဆုံးသွားတယ်လို့ NUG က မနေ့က ကြေညာပေမဲ့ မိခင်တပ်ရင်းကတော့ ဝမ်းနည်းကြောင်းကြေညာချက်တောင် ထုတ်မထားတာ တွေ့ရပါတယ်။
ကယားပြည်နယ်မှာ တပ်မတော်က မိုးဗြဲကို ပြန်ရဖို့ ထိုးစစ်ဆင်နေတာကြောင့် နေ့စဥ်တိုက်ပွဲပြင်းထန်နေပြီး ကယားလက်နက်ကိုင်တွေ မိုးဗြဲက ဆုတ်ခွာဖို့ရှိနေချိန်မှာ အားထားရတဲ့ ဒေါက်တာမိုးစည်သူကျော်က အရွယ်ကောင်းမှာ ၉၆ ပါးရောဂါနဲ့သေဆုံးရတယ်ဆိုတာထက် တိုက်ပွဲအတွင်း ကျည်ထိမှန်သေဆုံးတာလို့လည်း သူကွယ်လွန်ကြောင်း ပို့စ်တချို့မှာ မှတ်ချက်ပြုတာတွေ့ရပြီး သူ့အသုဘကိုလည်း ကယားလက်နက်ကိုင်တွေချည်း တက်ရောက်ကာ သာမန်ပြည်သူမပါတာ တွေ့ရပါတယ်။
စာရေးဆရာမင်းစိုးသစ် တစ်ဖြစ်လည်း ဒေါက်တာဖြိုးစည်သူကျော်ဟာ အနာဂတ်အတွက် ခေါစာဆိုတဲ့ ဝတ္ထုတိုစာအုပ်လည်း ရေးသားခဲ့ပြီး ဘာသာပြန်စာမူတွေ၊ ဝတ္ထုတွေ ရေးသားလက်စ ပေးပို့ထားသလို ၂၀၂၁ ခုနှစ်ဖြစ်စဥ်မတိုင်ခင်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီး တိုက်နယ်ဆေးရုံမှာ တိုက်နယ်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး CDM ပြုလုပ်ကာ ကယားလက်နက်ကိုင်တွေ လိုက်လံကုသရင်း ရှေ့တန်းတစ်နေရာမှာ အခုလို သေဆုံးသွားခဲ့တာဖြစ်ပါတယ်။




