Photo-MFSD

MT News

Written by Tha Doe

ကြည့်မြင်တိုင် ကမ်းနားလမ်းတွင် မော်တော်ယာဥ်တစ်စီး မီးလောင်ပျက်စီးမှု အောက်တိုဘာ ၄ ရက် ည ၉ နာရီ ၃၈ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။

”Hijet တစ်စီး မီးလောင်နေတယ်ဆို​ပြီး လမ်းတွေပိတ် သွားမရဖြစ်နေလို့ ပြန်လှည့်လာခဲ့တာ။ ဆင်းမကြည့်မိတော့ အသေးစိတ်တော့ မသိဘူး”ဟု မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဥ်အပေါ်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆေးရိုးတန်းငြိမ်းချမ်းရေးရပ်ကွက်၊ ကမ်းနားလမ်းမပေါ်၊ သီတာလမ်းထိပ်တွင် အောက်တိုဘာ ၄ ရက် ည ၉ နာရီ ၃၈ မိနစ် အချိန်ခန့်က ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၄ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားပြီး ထိခိုက်ဒဏ်ရာရရှိမှု ယာဥ်အမျိုးအစား စသည့် အသေးစိတ်အခြေအနေများကိုမူ ဖော်ပြထားမှုမရှိသည်ကိုလည်း တွေ့ရှိရသည်။

Photo-MFSD

Leave a Reply

Your email address will not be published. Required fields are marked *