MT News

ဂျာကာတာနိုင်ငံမှ ရုရှားခရစ်ယာန်ဂိုဏ်းအုပ်ဆရာ Pitirim နှင့်အတူ Hegumen Pavel လိုက်ပါလျက် ရုရှားသံရုံးသို့ သွားရောက်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် Dr. Nikolay Listopadov က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း အောက်တိုဘာ ၂ရက်တွင် မြန်မာနိုင်ငံရှိ ရုရှားသံရုံး၏တယ်လီဂရမ်ချန်နယ်လိုင်း ဖော်ပြချက်အရ သိရသည်။

ဦးစွာ ခရစ်ယာန်ဂိုဏ်းအုပ်ဆရာ Pitirim သည် သံရုံးဧည့်ခန်းမ၌ ဝတ်ပြုဆုတောင်းမှုအား ပြုလုပ်ခဲ့ပြီးနောက် သံရုံးမှဝန်ထမ်းများ၊ ၎င်းတို့၏မိသားစုဝင်များနှင့် ရန်ကုန်မြို့တွင်နေထိုင်သော ရုရှားနိုင်ငံသားများနှင့်အတူ အစည်းအဝေးကျင်းပခဲ့သည်။

ရုရှားသာသနာပြုအဖွဲ့၏ အဆိုပါလာရောက်တွေ့ဆုံမှုသည် မြန်မာနိုင်ငံအတွင်း Orthodox ခရစ်ယာန်အသင်းတော်နယ်ပယ်တစ်ခု တည်ထောင်ရန်နှင့် Orthodox ဘုရားကျောင်းဖွင့်လှစ်နိုင်ရန်တို့နှင့် ပတ်သက်၍ ရုရှားသံရုံးအကူအညီဖြင့် မြန်မာတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ရန်ဖြစ်သည်။ ဂိုဏ်းအုပ်ဆရာ Pitirim သည် စင်ကာပူနိုင်ငံအခြေစိုက် အရှေ့တောင်အာရှဆိုင်ရာ Patriarchal Exarchate အသင်းတော်၏ ဆရာတော်တစ်ပါးလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *