
၃၀.၃.၂၀၂၅
Written By Thandar
မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးနဲ့ပတ်သက်ပြီး ပထမအကြိမ်အလှူငွေ ကျပ်သိန်းပေါင်း ၁၀၀၀ မ,တည်ပြီး ပျက်စီးယိုယွင်းတဲ့ဒေသတွေကို သရုပ် ဆောင် စည်ဖြိုးရဲ့ မိခင် အကြားအမြင်ဆရာမ ဒေါ်သီသီဝင်းက လှူဒါန်းသွားမယ်လို့ သိရပါတယ်။
“ငလျင်ဘေး (ပထမ) အကြိမ် စတင်အလှူငွေ သိန်းပေါင်း (၁၀၀၀;၀၀၀၀၀ိ/ k) သိန်းတစ်ထောင်ကို ပျက်စီးယိုယွင်းသွားတဲ့ ဒေသအသီးသီးမှာလှူဒါန်းဖို့အတွက် မ,တည်လှူဒါန်းသွားမှာဖြစ်ပါတယ်။ အမြန်ဆုံးဘေးအန္တရယ် ကပ်ဆိုးများကင်းရှင်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်”လို့ သရုပ်ဆောင် စည်ဖြိုးရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

အဆိုပါ မိသားစုကဆိုရင်ဖြင့် မြန်မာနိုင်ငံအတွင်းရှိ တကယ်လိုအပ်နေတဲ့ နေရာဒေသတွေကို စဉ်ဆက်မပြတ်လှူဒါန်းမှုတွေ လုပ်ဆောင်ပေးလျှက်ရှိနေသူတွေလည်း ဖြစ်ပါတယ်။
မတ်လ၂၈ ရက်နေ့ကလည်း ရပ်ကွက် ဓမ္မာရုံကြမ်းခင်းကြွေပြားခင်းဖို့အတွက် အလှူငွေတွေပေးအပ်လှူခဲ့သလို ဒေါ်သီသီဝင်းရဲ့ အသက် ၆၃ နှစ်ပြည့် မွေးနေ့အလှူအဖြစ် ၇ ရက် ၇ လီ စတုဒိသာအလှူကြီးကို ပေးအပ်လှူဒါန်းခဲ့ပါသေးတယ်။