



၃၀.၃.၂၀၂၅
Written By Thandar
အဆိုတော်ဖြိုးကြီး@ဖြိုးမြင့်ငွေက လာမယ့် ဧပြီလ ၅ ရက်နေ့ ရန်ကုန်မြို့ရှိ Governor’s Residence မှာကျင်းပမယ့် မင်္ဂလာပွဲကို ဖျက်သိမ်းပြီး မင်္ဂလာပွဲအသုံးပြုမယ့်ငွေကြေး ကုန်ကျစရိတ်အားလုံးကို ငလျင်ဘေးသင့် ပြည်သူတွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
“ဝမ်းနည်းစွာဖြင့် အသိပေးပါရစေခင်ဗျ။ ယခုလို တစ်နိုင်ငံလုံး သဘာဝဘေးဒုက္ခရောက်နေကြတဲ့ချိန်မှာ ကျွန်တော် ကျွန်မတို့ရဲ့ လာမယ့် ၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက်မှာကျင်းပမယ့် မင်္ဂလာဧည့်ခံပွဲကို ရုပ်သိမ်းလိုက်ပြီဖြစ်ပါကြောင်း ဆွေမျိုးများနဲ့ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေအပေါင်းအသင်းတို့အား လေးစားစွာ အသိ ပေးအပ်ပါတယ်။ မင်္ဂလာပွဲမှာ အသုံးပြုမယ့် ငွေတွေကို လိုအပ်တဲ့ ကယ်ဆယ်ရေး ကိစ္စရပ်တွေမှာ ပါဝင်လှူဒါန်းမှာဖြစ်တယ်လို့ အသိပေးအပ်ပါတယ်” လို့ အဆိုတော် ဖြိုးကြီးက ပြောပါတယ်။
အဆိုပါ မင်္ဂလာပွဲမတိုင်ခင်က အဆိုတော်ဖြိုးကြီးနဲ့ ချစ်သူ မခိုင်မိုမိုသဲတို့ရဲ့ မင်္ဂလာဆွမ်းကျွေးအလှူကို မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာမှာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။