၄. ၁၀. ၂၀၂၂

MT News

တနင်္လာညရဲ့ သုံးပွဲခန့်မှန်းချက်ကတော့ ရာနှုန်းပြည့်အောင်လို့ MT News စာဖတ်သူတွေ သဘောကျစရာဖြစ်ခဲ့သလို ဒီနေ့ညမှာတော့ ဥရောပထိပ်သီးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်မှုကို ကံကောင်းမှုတွေနဲ့ ပြုံးပျော်နိုင်အောင် ခန့်မှန်းပေးချင်ပါတယ်။

ဒီနေ့ညမှာဆိုရင် ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုမက်ဒရစ်၊ တော့တင်ဟမ်ဟော့စပါး၊ အေဂျက်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ လီဗာပူးတို့ရဲ့ ပွဲကောင်းတွေရှိနေပါတယ်။

အုပ်စုအဆင့် တတိယအကျော့ဖြစ်လို့ အမှားခံလို့မရတဲ့ အချိန်ဖြစ်သလို တချို့အသင်းတွေက အုပ်စုတက်ရေးအတွက် ရေကုန်ရေခမ်းကစားကြရတော့မှာပါ။

ဒီညမှာကန်မယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ပွဲကြိုသုံးသပ်ချက်တွေကို MT News ပရိသတ်တွေအတွက် ဖော်ပြပေးရင်း အားလုံးပဲပြုံးပျော်နိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

အင်တာမီလန် – ဘာစီလိုနာ

အင်တာမီလန်က ​နောက်ပိုင်းပွဲစဥ်​တွေ ရှုံးပွဲ​တွေဆက်​နေပြီး ရိုးမားအသင်းကိုလည်း အိမ်ကွင်းမှာ စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့ပါတယ်။ လီဝန်​​ဒေါစကီးဦး​ဆောင်တဲ့ ဘာစီက​​တော့ စပိန်လာလီဂါမှာ​တော့ နိုင်ပွဲ​တွေဆက်​နေဆဲပါ။ ဘိုင်ယန်မြူးနစ်ကိုရှုံးခဲ့တဲ့ပွဲ​တောင် ဘာစီက​ခြေအသာနဲ့​ဆော့နိုင်ခဲ့တာပါ။အ​ဝေးကွင်း​ပေမယ့် ဘာစီ အနိုင်ရသွားမှာပါ။

​ရွေးချယ်မှု – ဘာစီ

…….

​အေဂျက် – နာပိုလီ

​အေဂျက်က အိမ်ကွင်းဆို ​ခြေစွမ်း​​ကောင်း​ပေမယ့် ချန်ပီယံလိဂ်မှာ​တော့ ​ရိန်းဂျားကိုနိုင်ပြီး လီဗာပူးကို ရှုံးထားပါတယ်။ နာပိုလီက​တော့ ပွဲတိုင်းနိုင်ထားပြီး ​ချန်ပီလိဂ်​ရော အမှတ်​ပေးပွဲ​ရော ဇယားထိပ်မှာဦး​ဆောင်​နေပါတယ်။ နာပိုလီ အနိမ့်ဆုံး သ​ရေနဲ့အနိုင်ပါ။

​ရွေးချယ်မှု – နာပိုလီ

…….

ဘိုင်ယန် – ပလာဇန်

ဘိုင်ယန်ကသူ့လိဂ်မှာ ​နောက်ဆုံးပွဲ ဂိုးပြတ်အနိုင်ရထားပါတယ်။ ပလာဇန်ကအုပ်စုမှာ အဖြည့်ခံသက်သက်ပါ။၂ပွဲလုံးမှာ ပေးဂိုး ၇ ဂိုးအထိ​ပေးထားရပါတယ်။ ဘိုင်ယန်အတွက် အိမ်ကွင်းမှာ ပလာဇန်ကို ဂိုးသွင်းကျင့်ပြီး အုပ်စုတက်ဖို့ အနိုင်ရသွားပါမယ်။

​ရွေးချယ်မှု – ဘိုင်ယန်

…….

​ပေါ်တို -​ လေဗာကူဆင်

​ပေါ်တိုက​တော့ ၂ ပွဲကစား ၂ ပွဲ ရှုံးနိမ့်ထားပြီး ဒီနှစ် ​ပေါ်တို အ​ခြေမလှဖြစ်​နေပါတယ်။​ လေဗာကူဆင်က တီကိုကိုအနိုင်ရထားပြီး အဲဒီ ပွဲစဥ်မှာ​​ခြေစွမ်း​ကောင်းခဲ့ပါတယ်။အ​ဝေးကွင်းဆို အမှားအယွင်းများတဲ့​ လေဗာကူဆင်ကို ​ပေါ်တို သ​ရေအနိမ့်ဆုံးကန်နိုင်မှာပါ။

​​ရွေးချယ်မှု – ​ပေါ်တို

…….

မာ​ဆေးလ် – စပို့တင်း

စပို့တင်း​​ခြေစွမ်းက အုပ်စုတက်ဖို့ ​သေချာလွန်းတဲ့ ​ခြေစွမ်းမျိုးပါ။ ၂ ပွဲကစား ၂ ပွဲလုံးနိုင်ထားပြီး အသင်းက အဓိကလူ​တွေမရှိ​တော့​ပေမယ့် စုဖွဲ့မှု​ကောင်းတုန်းပါ။ မာ​ဆေးလ်က​တော့ ၂ ပွဲကစား ၁ ဂိုးမှမရသလို တစ်မှတ်မှလဲ မရ​သေးပါဘူး။​ နောက်တဆင့်တက်ဖို့ စပို့တင်းအနိုင်ကန်မှာပါ။

​​ရွေးချယ်မှု – စပို့တင်း

……..

ကလပ်ဘရု​ဂေး – တီကို

ကလပ်ဘရု​ဂေးက ဒီအုပ်စုမှာ လေဗာကူဆင်နဲ့​ ပေါ်တိုကို နိုင်ပြီး ၆ မှတ်ရထားတဲ့အသင်းပါ။ တီကို​​ခြေစွမ်းဟာ သာမန်ပဲရှိပြီး ဒီပွဲမှာ ခံစစ်ပိတ်​ဆော့ဖို့များပါတယ်။ တီကို တိုက်စစ်ကလည်း အားနည်းပြီး ကလပ်ဘရု​​ဂေးတိုက်စစ်နဲ့ယှဥ်ရင် ဘရု​ဂေးက​တောင်သာပါတယ်။ တီကို သ​ရေပဲ​မျှော်လို့ရပါမယ်။ ကလပ်ဘရု​ဂေး ​သ​ရေနဲ့အနိုင်ပါ။

​ရွေးချယ်မှု – ကလပ်ဘရု​ဂေး

…….

ဖရန့်ဖတ် – စပါး

စပါးအသင်းက စပို့တင်းကို ရှုံးထားသလို အာဆင်နယ်ကို​လဲ ဂိုးပြတ်ရှုံးထားပါတယ်။ စပါးအသင်းခံစစ်ကအမှား​တွေလည်း များ​နေပါတယ်။ ဖရန့်ဖတ်က​​တော့ ၃ ပွဲဆက်နိုင်ထားပြီး ​ခြေစွမ်းတက်​နေပါတယ်။ ဖရန့်ဖတ် စပါးကို သ​ရေအနိမ့်ဆုံးကန်နိုင်မှာပါ။ ဖရန့်ဖတ်​ပဲ​ရွေးတာ​အ​​ကောင်းဆုံးပါ။

​ရွေးချယ်မှု – ဖရန့်ဖတ်

…….

လီဗာပူး – ရိန်းဂျား

လီဗာပူးကတစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ်ရထားပြီး ရိန်းဂျားက​တော့ ၂ ပွဲကစား ၂ပွဲရှုံး ခံစစ်က ​ပေးဂိုး ၇ ဂိုးအထိ​ပေးထားရသလို တိုက်စစ်ကလည်း တစ်ဂိုးမှမရ​သေးပါဘူး။လီဗာပူးက​တော့ ခံစစ်က အမှားများ​နေပြီး ​ခြေစွမ်းပိုင်းက ကျဆင်း​နေပါတယ်။​ နောက်တဆင့်တက်ဖို့အတွက် အားနည်းပြီး ​ညံ့ဖျင်း​နေတဲ့ ရိန်းဂျားကို လီဗာပူး ဂိုးပြတ်ဆော်မှာဖြစ်ပါတယ်။

​ရွေးချယ်မှု – လီဗာပူး

……..

#mt_news_ပွဲကြိုခန့်မှန်း

Leave a Reply

Your email address will not be published. Required fields are marked *